ဆာလက်နှင့် ဘရိုက်တန်နည်းပြ ဖေဖော်ဝါရီ အကောင်းဆုံးဆုများ ရရှိ

လီဗာပူးတိုက်စစ်မှူး ဆာလက်သည် တစ်လတာအကောင်းဆုံး ပရီးမီးယားလိဂ်က စားသမားဆုအား ဒုတိယအကြိမ် ရရှိခဲ့ပြီး ဘရိုက်တန်မန်နေဂျာ ခရစ်ဟုခ်ျတန်က ဖေဖော်ဝါရီ၏ အကောင်းဆုံး မန်နေဂျာအဖြစ် ရွေးချယ်ခံရသည်။

ဆာလက် (၂၅) နှစ်သည် ဖေဖော်ဝါရီက လေးဂိုးသွင်းယူပြီး နှစ်ဂိုးဖန်တီးကာ လေးလအတွင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဒုတိယအကြိမ် ဆွတ်ခူးခဲ့သည်။ ဆာလက်၏ ဂိုးများနှင့်အတူ လီဗာပူးသည် ထိပ်သီးလေးသင်းတွင် ရပ်တည်နေပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ကျခဲ့သည်။

ဟုခ်ျတန်သည် ဝက်စ်ဟမ်း နှင့် ဆွမ်ဆီးအသင်းကို နိုင်ပွဲများ ရရှိအောင် စွမ်းဆောင်ခဲ့ပြီးစတုတ် စီးတီးနှင့် သရေကျခဲ့ကာ တစ်လတာအကောင်းဆုံး မန်နေဂျာဆုကို ပထမဆုံး ရရှိသည်။ ဘရိုက်တန်သည် လောလောဆယ် တွင်  ၃၄  မှတ်ဖြင့် နံပါတ် (၁၀) နေရာ၌ ရပ်တည်နေသည်။

—Ref:Reuters