ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ မီးဘေးသင့်ပြည်သူများအားမကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီမိသားစုများမှသွားရောက်ကူညီထောက်ပံ့

 

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ မီးဘေးသင့်ပြည်သူများအား မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ မိသားစုမှ ကူညီထောက်ပံခဲ့ကြောင်းသိရသည်။ မီးဘေးသင့်ပြည်သူအိမ်ထောင်စု ၁၇၁ စုအား ငွေသားကျပ် ၄၁ သိန်း ပစ္စည်းတန်ဖိုး ၅၁ သိန်းစုစုပေါင်း ၉၂ သိန်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။

တက္ကသိုလ်တက်ရောက်နေသူကျောင်းသား/သူ ၁၀ ဦးနှင့်
တက္ကသိုလ်ဝင်တန်းဖြေဆိုနေသော ကျောင်းသား/သူ ၁၁ ဦးကို ကူညီထောက်ပံ့ခဲ့ကြောင်းသိရသည်။

ပေးအပ်လှူဒါန်းပွဲသို့ တိုင်းပါတီ ဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေး အတွင်းရေးမှုး ဦးဆန်းညွန့်အောင် ဘဏ္ဌာရေးမှုး ဦးကြည်ထွန်း တိုင်းပါတီကော်မတီဝင် ဦးစောဝင်းမောင်တို့နှင့်အတူ ပခုက္ကူခရိုင် ဥက္ကဋ္ဌ ဦးသိန်းထွန်း အတွင်းရေးမှုး ဦးမြင့်နိုင် နှင့် မြိုင်မြို့နယ် ပေါက်မြို့နယ် ရေစကြိုမြို့နယ် ပခုက္ကူမြို့နယ်တို့မှ ပါတီ ဥက္ကဌများ အတွင်းရေးမှုးများ မြို့နယ်ကော်မတီများစုံညီစွာသွားရောက်ကူညီထောက်ပံ့ခဲ့ကြကြောင်းသိရသည်။