မီးဘေးသင့်ပြည်သူများအား ရေစကြို ပြည်ခိုင်ဖြိုးမှ သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များလှူဒါန်း
ရေစကြို မတ် ၆
ရေစကြိုမြို့နယ် သစ်ကြီးတော ကျေးရွာတွင် ယခုလ ၃ ရက်က မီးလောင်မှုကြောင့် အိမ်ခြေ ၁၆၇ လုံး မီးလောင်ဆုံးရှုံးပြီး ပြည်သူ ၉ဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
အဆိုပါ မီးဘေးသင့်အိမ်ခြေ ၁၆၇ လုံးအတွက် တစ်အိမ်လျှင် ယမ်ယမ်ခေါက်ဆွဲခြောက်ထုပ် ၁ဝ ထုပ်စီနှင့် ရေသန့်ဘူး ၇ဝပါ အိတ် ခြောက်အိတ်တို့ကို ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီအတွင်းရေးမှူး ဦးမြင့်နိုင်၊ ရေစကြိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသိန်းလွင်နှင့် ကော်မတီ ဝင်များ၊ ရပ်ကျေးစည်းရုံးရေးမှူး များနှင့်အဖွဲ့ဝင်များက ယခုလ ၄ ရက်နံနက်ပိုင်းတွင် အိမ်ထောင်တစ် ခုချင်းစီ လက်ဝယ်အရောက်သွား ရောက်လှူဒါန်းကြပြီး နှစ်သိမ့်အား ပေးစကားပြောကြားခဲ့ကြောင်း သိ ရသည်။
ဖေထွဏ်းဇော်(ရေစကြို





 
             
            