ဗြိတိန်မှာ အကြမ်းဖက်ကြံစည်မှု လေးခုကို ဖော်ထုတ်တားဆီးနိုင်ခဲ့

ဗြိတိန်နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မယ့် အစီအစဉ် လေးခုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ က ပြောပါတယ်။

၂၀၀၁ ခုနှစ်က အမေရိကန် ပြည်ထောင်စုက ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်ညီနောင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးကတည်းက ဗြိတိန်နိုင်ငံဟာ ပြည်တွင်း၊ ပြည်ပက အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အဓိကပစ်မှတ် ဖြစ်လာတယ်လို့ လန်ဒန် ဒုတိယ ရဲမင်းကြီးက ပြောဆိုပါတယ်။

အကြမ်းဖက်ကြံစည်မှု လေးခုကို တားဆီးနိုင်ခဲ့ကြောင်း၊ အဲဒီကြံစည်မှုတွေဟာ အရင်က အကြမ်းဖက် လုပ်ရပ် တွေလို မဟုတ်ဘဲ၊ တကယ့်ကို စုစုစည်းစည်းနဲ့လုပ်နေတဲ့ အကြမ်းဖက်အဖွဲ့ ဖြစ်နေကြောင်း ပြောဆိုပါတယ်။

ဗြိတိန်မှာ ပြီးခဲ့တဲ့နှစ်က လူသေဆုံးခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှု ငါးခု ရှိခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ စုံစမ်းစစ်ဆေးနေဆဲ အကြမ်းဖက်မှု ၆၀၀ အထိရှိနေပြီး၊ သံသယရှိသူ ၃၀၀၀ ကျော ရှိတယ်လို့ လည်း လန်ဒန် ဒုတိယ ရဲမင်းကြီးက ပြောဆိုပါတယ်။

-Ref; RFA