ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဆန်ဆီနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးနယ်မြေ တာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးသည် တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း အောင်နှင့်အဖွဲ့ဝင်များနှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက်နံနက် ၁၁ နာရီက ထားဝယ်မြို့နယ် လိပ်ကြယ်ပြောင် ကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန် ခဲ့ကြောင်းသိရသည်။