ပါတီဗဟိုအလုပ်​အမှု​ဆောင်​ လူငယ်​​ရေးရာတာဝန်​ခံ ကချင်​ပြည်​နယ်​တာဝန်​ခံ ​ဒေါက်​တာ ဦးအောင်​မြတ်​ဦး မြစ်​ကြီးနားခရိုင်​ လူငယ်​​တွေ့ဆုံပွဲတက်​​ရောက်

 

မြစ်​ကြီးနားခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ကြီးမှူးကျင်းပသည့်​ လူငယ်​​တွေ့ဆုံပွဲအခမ်းအနားကို (၂၆-၂-၂၀၁၈) ရက်​​နေ့ ​နေ့လည်​ (၁) နာရီက ကချင်​ပြည်​နယ်​ ပါတီရုံးခန်းမမှာ ကျင်းပပြုလုပ်​ခဲ့ပါသည်​။
ရှေးဦးစွာ နိုင်​ငံ​တော်​သီချင်းသီဆိုလျှက်​ နိုင်​ငံ​တော်​အလံအား အ​လေးပြု ခြင်း၊ “ပြည်​ခိုင်​ဖြိုးလူငယ်​” သီချင်းဖြင့်​ အခမ်းအနားကို ဖွင့်​လှစ်​ခဲ့ပါသည်​။
တွေ့ဆုံပွဲကို ပါတီဗဟိုအလုပ်​အမှု​ဆောင်​ ၊ လူငယ်​​ရေးရာတာဝန်​ခံ၊ ကချင်​ပြည်​နယ်​တာဝန်​ခံ ​ဒေါက်​တာဦး​အောင်​မြတ်​ဦး တက်​​ရောက်​အမှာစကား​ပြောကြားပါသည်​။
ဆက်​လက်​၍ အစီအစဉ်​အရ ပြည်​နယ်​ပါတီဥက္ကဌ ဦးရားဝမ်​ဂျူံ က အား​ပေးစကား​ပြောကြားပြီး လူငယ်​နှီး​နှောဖလှယ်​မှ ​တွေ့ရှိချက်​စာတမ်းများကို မြစ်​ကြီးနား၊ ၀ိုင်း​မော်​လူငယ်​​ကော်​တီဝ င်​များက တင်​ပြကြပါသည်​။
ထို​နောက်​ တက်​​ရောက်​လာကြသူများက တင်​ပြကြပြီး လူငယ်​​ရေးရာတာဝန်​ခံက နိဂုံးချုပ်​ အမှာစကား​ပြောကြားကာ ည​နေ (၃း၃၀) နာရီအချိန်​ခန့်​တွင်​” ပြည်​ခိုင်​ဖြိုး ..​ဟေ့”သီချင်းသီဆို ကာ အခမ်းအနား ရုပ်​သိမ်းခဲ့ပါသည်​။

Crd;