ဘောလုံးကလပ်အသင်တစ်သင်းနှင့် စာချုပ် ချုပ်ဆိုပြီးပြီဟု အူစိန်ဘို့တ် ဖွင့်ဟ

ပြေးခုန်ပစ်ဂန္ထ၀င်ကစားသမား အူစိန်ဘို့တ်က ၎င်းအနေဖြင့် ဘောလုံးကလပ်အသင်း တစ်သင်းနဲ့ စာချုပ် ချုပ်ဆိုပြီး ဖြစ်ကြောင်းနဲ့ အဲဒီအသင်းကို အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာမယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အူစိန်ဘို့တ်ဟာ လန်ဒန်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာပြေးခုန်ပစ်အဖွဲ့ချုပ်ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲပြီးတဲ့နောက် ပြေးခုန်ပစ်ကစားသမားဘ၀ကနေ အနားယူခဲ့သူပါ။ သူဟာ မကြာခဏဆိုသလို ဘောလုံးကစားဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ပြီးခဲ့တဲ့မတ်လက ဂျာမန်ကလပ် ဒေါ့တ်မန်အသင်းမှာ စမ်းသပ်လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ် အူစိန်ဘို့တ်ဟာ သူအားပေးတဲ့ကလပ် မန်ယူအသင်းမှာ ကစားဖို့ ဆန္ဒရှိသလို ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလ်အသင်းမှာလည်း ပါဝင်ကစားဖို့ စိတ်အားတက်သန်နေပါတယ်။

အူစိန်ဘို့တ်က “ ဘောလုံးကလပ်အသင်းတစ်သင်းနဲ့ စာချုပ်ချုပ်ဆိုပြီးပါပြီ။ ဘယ်အသင်းလဲဆိုတာ အင်္ဂါနေ့မှာ ထုတ်ဖော်ပြောကြားမှာပါ” လို့ ဖွင့်ဟခဲ့ပါတယ်။

 

-Ref; Sky sports