စီးပွားရေးအစီရင်ခံစာ၌ တရုတ်နှင့် ဂျပန်ကို ထရန့်အပြစ်တင်

ဝါရှင်တန် ဖေဖော်ဝါရီ ၂၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ၄င်း၏ပထမဆုံးစီးပွားရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အစီရင်ခံစာ၌ ထရန့်က နိုင်ငံတကာ ကုန်သွယ်မှုသည် တရုတ်နိုင်ငံကဲ့သို့သော အချို့နိုင်ငံများကြောင့် ပိုမိုတင်းမာ လာခဲ့ပြီး ယင်းနိုင်ငံများသည် လွတ်လပ် သည့်ဈေးကွက်ကို အနေအထားပျက် ယွင်းအောင် လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

ထရန့်သည် ဂျပန်နိုင်ငံ၏ မော်တော် ယာဉ် ဈေးကွက်နှင့် ပတ်သက်၍ ၄င်းစိတ် ကသိ ကအောက်ဖြစ်ရမှုကိုလည်း ဖော်ပြ ခဲ့သည်။

ဂျပန်နိုင်ငံသည် တင်ပို့ကုန်များကို ပိတ်ဆို့တားဆီးမှုမျိုးစုံ လုပ်ဆောင်ခဲ့ကာ အမေရိကန် မော်တော်ယာဉ်များနှင့် အစိတ်အပိုင်းများ ရောင်းချမှုကို ကန့်သတ်ခဲ့ကြောင်း ၄င်းက ပြောကြား ခဲ့သည်။

တင်ပို့လာသည့်ကားများကို ပိတ်ဆို့ တားဆီးမှုများသည် အမှန်တကယ် မဟုတ်ကြောင်းနှင့် နိုင်ငံ၏ လုံခြုံဘေး ကင်းရေးစံနှုန်း သတ်မှတ်ချက်များသည် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီး တစ်ခုသဖွယ်ရှုမြင်ခံနေရကြောင်း ပြောကြားခဲ့သည်။

ထရန့်သည် နိုဝင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ကုန်သွယ်ရေးဆိုင်ရာမညီမျှမှုများ နှင့် ပတ်သက်၍ တရုတ်နှင့် အခြားနိုင်ငံ များကို ဖိအားပေးသွားရန် ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

 

အင်န်အိတ်ခ်ျကေ