မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်တော်လောင်းလှူ

 

မြစ်ကြီးနားမြို့နန်းကွေ့ကျေးရွာ အုပ်စု မဟာစည်သာသနာ့ရိပ်သာ ဓမ္မရက္ခိတဘုရားကြီးကျောင်းတိုက် နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူဓာတ် ပေါင်းစု စေတီတော်မြတ်ကြီး၏ ဒုတိယအကြိမ်မြောက် ဗုဒ္ဓါဘိသေ က အနေကဇာတင် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ကျောင်းတိုက်တည် ဆရာတော်ကြီးဘဒ္ဒန္တနေမိန္ဒ ပျံလွန် တော်မူသည့် (၄)နှစ်ပြည့်အထိမ်း အမှတ် အာစရိယဂုဏပူဇာသဘင်၊ ပင့်သံဃာ ၅ဝ တို့အား သံဃာ့ဒါန ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ယင်း ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ဆွမ်းဆန်တော် လောင်းလှူ ပူဇော်ပွဲသို့ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ‘တစ်ဆုပ်ဆန်လှူအသင်း’ က တပည့်ဒါယကာ၊ ဒါယိကာမ များနှင့်အတူ ပါဝင်လောင်းလှူခဲ့ ခြင်းဖြစ်သည်။

အဆိုပါပွဲသို့ မြစ်ကြီးနား မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းနှင့်မြို့နယ်ကော်မတီဝင် များ၊ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရှေ့ ဆောင်စွမ်းအားလူမှုရေးအသင်း၊ မနောသုခသွေးလှူရှင် လူမှုရေး အသင်းတို့က တပည့်ဒါယကာ၊ ဒါယိကာမများနှင့်အတူ ပါဝင် လောင်းလှူခဲ့ကြောင်း သိရသည်။

EPN