ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်ဒေါပုံမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမုံ နာ(၂)ရပ်ကွက် ရေကြောင်းညွှန် ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစု သင်္ဘောကျင်းလိုင်းခန်းများကိုသွေး လွန်တုပ်ကွေးရောဂါကာကွယ်ရေး အဖြစ် ခြင်ဆေးမှုတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်၉ နာရီမှ၁၁နာရီအထိဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခြင်ဆေးဖျန်းခြင်းလုပ် ငန်းအား ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးလှမြင့်၊ အတွင်းရေး မှူး ဦးမောင်မောင်သန်း၊ မြို့နယ် လူငယ်တာဝန်ခံဦးနေလင်းဦးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အင် အား၁၈ဦးနှင့် ခြင်ဆေးမှုတ်စက်နှစ် လုံး၊ ခြင်ဆေးဖျန်းပုံးတစ်လုံးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းကျော်(ဒေါပုံ)