သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးဆင့်ပွားသင်တန်းအမှတ် ၁/ ၂ဝ၁၈ ဖွင့်လှစ်

 

ရခိုင်ပြည်နယ်သံတွဲခရိုင်သံတွဲ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပ သည့် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း ၁/၂ဝ၁၈ ဖွင့်ပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဗဟို ကော်မတီဝင် ဦးလှဟန်၊ ပြည်နယ် ကော်မတီဝင် ဦးတင်မောင်သန်း၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် ခရိုင် ကော်မတီဝင်ဒေါ်ဝင်းမင်းမာထွန်း၊ ဦးသန်းစိုး၊ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးစန်းနိုင်၊အတွင်းရေးမှူးဦးကြည်ရွှေ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးခေါင်းဆောင်များ၊ သင်တန်း သား သင်တန်းသူများတက်ရောက် ခဲ့ကြပြီး ၁/၂ဝ၁၈ ဆင့်ပွားသင် တန်းကို အောင်မြင်စွာဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

သိန်းအုပ်