မြို့နယ်ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စုနေ့ဂုဏ်ပြုသီချင်းဆိုပြိုင်
ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့၌(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ရပ်ကွက် ကျေးရွာပေါင်းစုံသီချင်းဆိုပြိုင်ပွဲ ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ပါတီဗဟို ကော်မတီဝင်တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်မောင် တာနှင့်မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌ များနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့ မြို့ဂီတအစည်း အရုံး၊ မိခင်နှင့်ကလေးအမျိုးသမီး ရေးရာအဖွဲ့မြို့နယ်အရန်မီးသတ် တပ်ဖွဲ့မှတာဝန်ရှိသူများ အဆိုပြိုင် ပွဲဝင်၄၈ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပါတီဗဟို ကော်မတီဝင်တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးက အဖွင့်အမှာစကားပြောကြားပြီး နောက် ပါတီဥက္ကဋ္ဌဦးမောင်မောင် တာက သီချင်းဆိုပြိုင်ပွဲကျင်းပ ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးအကဲဖြတ်အမှတ်ပေး ဒိုင်အဖွဲ့ခေါင်းဆောင် မြို့နယ်ဂီတ အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သန်း လေးက အမှတ်ပေးစည်းကမ်းချက် များပြောကြားကာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသော ငွေကျပ်ငါးသိန်းအား ပါတီဗဟို ကော်မတီဝင်တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးက ပေးအပ်လှူဒါန်းရာ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးမောင်မောင်တာကလက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေး အပ်ခဲ့ပြီး ထပ်မံလှူဒါန်းကြသော အလှူရှင်များနှင့်လှူဒါန်းငွေအား မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဒေါ်ချို ချိုအေးကလက်ခံကာ ဂုဏ်ပြုမှတ် တမ်းလွှာပေးအပ်ခဲ့ပြီး အဆိုပြိုင်ပွဲ ကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူ ဇွဲဘာကုန်းတန်း ကျေးရွာကိုယ်စားပြုမဝင့်ဝါဦးအား ငွေသားကျပ်တစ်သိန်းနှင့်အတူ ဆု တံဆိပ်ကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်မောင်တာက ဆုချီးမြှင့်ပေး ပြီး ဒုတိယဆုရရှိသူအလယ်ပိုင်း ရပ်ကွက်ကိုယ်စားပြုမအေးမြတ်သူ အား ငွေသားကျပ်ခုနစ်သောင်းနှင့် အတူ ဆုတံဆိပ်ကို မြို့နယ်ပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးနိုင်ဝင်း ကဆုချီးမြှင့်ပေးပြီး တတိယဆုရရှိ သူ စံချိန်မီရပ်ကွက်ကိုယ်စားပြု ကိုနန်းဝေအောင်အား ငွေသားကျပ် ငါးသောင်းနှင့်အတူ ဆုတံဆိပ်ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာရေး မှူးဒေါ်ချိုချိုအေးက ဆုချီးမြှင့်ပေး အပ်ခဲ့ပြီး နှစ်သိမ့်ဆုရရှိသူ စံချိန်မီ ရပ်ကွက် ဦးမြင့်အောင်အား ဆုငွေ ကျပ်သုံးသောင်းနှင့် ဆုတံဆိပ်ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်ဒေါ်သီတာမိုးဦးက ဆုချီးမြှင့်ပြီး နှစ်သိမ့်ဆုရရှိသူ ရွှေပျောက်ကျေး ရွာမှ မမော်ဇာအောင်အား ဆုငွေ ကျပ်သုံးသောင်းနှင့် ဆုတံဆိပ်ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်ဦးမျိုးမြင့်ကဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုကျောက်တန်း