ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး စစ်​ကိုင်းတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီလူငယ်​တွေ့ဆုံပွဲအခမ်းအနားတွင်​ လမ်းညွှန်​အမှာစကား​ပြောကြား

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့​နေ့လည်​၁နာရီက မုံရွာမြို့​တော်​ခန်းမတွင်​စစ်​ကိုင်းတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီ လူငယ်​တွေ့ဆုံပွဲအခမ်းအနားသို့     တက်​​ရောက်​၍ လမ်းညွှန်​အမှာစကား​ပြောကြားခဲ့သည်​။

ယ​နေ့ကျင်းပသည့်​ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်းရေးမှူးဦးသက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော ဦးဝဏ္ဏ​မောင်​လွင်​၊ စစ်​ကိုင်းတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံဦးမြင့်​စိုး၊ဗဟိုလူငယ်​​ရေးရာ ကဏ္ဍတာဝန်​ခံ​ဒေါက်​တာ​အောင်​မြတ်​ဦးနှင့်​တိုင်း​ဒေသကြီးပါတီဥက္ကဌ​ဒေါက်​တာမြင့်​သိန်း၊ဗဟို​ကော်​မတီဝင်​များ၊တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးဦး​​အောင်​​ဇော်​ဦး၊တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ခရိုင်​​နှင့်​မြို့နယ်​များမှပါတီဥက္ကဌများ၊အတွင်း​ရေးမှူးများနှင့်​ပါတီ ​ကော်​မတီဝင်​များနှင့်​ပါတီဝင်​လူငယ်​များ အပါအဝင်​စုစု​ပေါင်းအင်​အား၁၀၃၅ဦး​တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။

အခမ်းအနားအား နိုင်​ငံ​တော်သီချင်းသံပြိုင်​သီဆိုဖွင့်​လှစ်​၍ ရပ်​/​ကျေးပါတီ လူငယ်​​ရေးရာအဖွဲ့ ဝင်​တစ်​ဦးဖြစ်​သည့်​ မုံရွာမြို့နယ်​၊​ကျောက္ကာ​ကျေးရွာမှ မရီရီထွန်း၊ပုလဲမြို့နယ်​ပါတီလူငယ်​​ခေါင်း​ဆောင်​တစ်​ဦးဖြစ်​သည့်​ ကို​အောင်​လင်းနှင့်​စစ်​ကိုင်းတိုင်း​ဒေသကြီး
ပြည်​ခိုင်​ဖြိုးပါတီ လူငယ်​​ရေးရာတာဝန်​ခံတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​​ဦး​အောင်​ကိုစံမှ နယ်​​မြေအလိုက်​လူငယ်​​ရေးရာဖွဲ့စည်းလှုပ်​ရှား​ဆောင်​ရွက်​​နေမှုအ​ခြေအ​နေများအားရှင်းလင်းတင်​ပြခဲ့ကြသည်​။

ဆက်​လက်​၍ ပါတီဗဟိုအလုပ်​အမှု​ဆောင်​ စစ်​ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ​ဒေါက်​တာမြင့်​သိန်းမှ လူငယ်​​ရေးရာကိစ္စများကို ခြုံငုံသုံးသပ်​တင်​ပြခဲ့ပြီး​နောက်​ပါတီဗဟိုအလုပ်​အမှု​ဆောင်​၊စစ်​ကိုင်းတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးမြင့်​စိုးက အမှာစကား​ပြောကြားခဲ့ကြသည်​။

ထို့​နောက်​ အခမ်းအနားသို့တက်​​ရောက်​လာသူများ အား စစ်​ကိုင်းတိုင်း​ဒေသကြီးအတွင်းရှိ ရှမ်း၊ကချင်​၊ နာဂ၊ကဒူး၊ကနန်းနှင့်​ချင်း တိုင်းရင်းသားများ၏ ရိုးရာအကများ၊ပါတီဝင်​လူငယ်​များ၏ပြည်​ခိုင်​ဖြိုးလူငယ်​​တေးသီချင်း စသည်​တို့ဖြင့်​ ကပြသီဆို​ဖျော်​​ဖြေခဲ့ ကာ တိုင်းရင်းသားရိုးရာအကအဖွဲ့များအား ဂုဏ်​ပြု လက်​​ဆောင်​များ ​ပေးအပ်​ချီးမြှင့်​၍ အခမ်းအနားကို ရုပ်​သိမ်းခဲ့သည်​။