မြောင်းမြမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများ တာဝန်ပေးအပ်

 

မြောင်းမြမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများအား တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယခုလ ၂ရက် နံနက် ၈ နာရီက မြောင်းမြခရိုင်           ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ ဧရာဝတီတိုင်းဒေသကြီးပါတီကော် မတီဝင် ဦးပြုံးချို၊     မြောင်းမြ ခရိုင် ပါတီဥက္ကဋ္ဌဦးအောင်မြင့်နှင့် ကော် မတီဝင်များ၊ မြောင်းမြမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဝင်းမော်နှင့်ကော်မတီဝင် များ၊ မြို့နယ်အရန် ကော်မတီဝင် များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၁၄       အုပ်စုမှ ဥက္ကဋ္ဌများ တက် ရောက်ခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက အမှာစကားပြောကြားပြီး ရပ်/ ကျေးပါတီဥက္ကဋ္ဌများအား တာဝန် ပေးအပ်လွှာများကို ပေးအပ်ကာ နံနက် ၁၁ နာရီတွင် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရ သည်။

ထူးထူး(မြောင်းမြ)