ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စုဥက္ကဋ္ဌများတာဝန်ပေးအပ်

 

ဟင်္သာတမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများအား တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် ပြည်ခိုင်    ဖြိုးပါတီအစည်းအဝေးခန်းမ၌ကျင်းပ ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဦးခင် မောင်ရီ၊ ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဘဏ္ဍာရေးမှူး ဦးလှခိုင်၊ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်အရန် ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂၄ အုပ်စုမှဥက္ကဋ္ဌများ      တက်ရောက်ခဲ့ ကြသည်။

ထို့နောက် တာဝန်ရှိသူများက အမှာစကားပြောကြားပြီး ရပ်/ ကျေး ပါတီဥက္ကဋ္ဌများကို တာဝန် ပေးအပ်လွှာများ ပေးအပ်ကာ နံနက် ၁၁ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ဌေးဝင်း(ဟင်္သာတ)