ရီးရဲလ်နှင့် ရင်ဆိုင်ရမည့် ပွဲအတွက် စိုးရိမ်မိသည်ဟု နေမာပြော
နောက် ၁၀ ရက်အကြာတွင်ချန်ပီယံလိဂ်နောက်ဆုံး (၁၆) သင်းအဆင့်၌ ရီးရဲလ်နှင့် ရင်ဆိုင်ရမည့်ပွဲအတွက် စိုးရိမ်နေပြီး ယင်းနေ့သို့ မြန်မြန်ရောက်ချင်ကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ပြောသည်။
ချန်ပီယံလိဂ်ဖလားနှစ်ကြိမ် ဆက်ရထားသော ရီးရဲလ်သည် လာလီဂါတွင် ရလဒ်မကောင်းဖြစ် နေစဉ် လီဂူးဝမ်းကို ၁၁ မှတ်ဖြတ် ၍ ဦးဆောင်ထားသည့် ပီအက်စ်ဂျီနှင့် ဖေဖော်ဝါရီ ၁၄ ရက်၌ ဘာ နေဗျူးကွင်းတွင် ရင်ဆိုင်ရမည် ဖြစ်သည်။
နေမာက ရီးရဲလ်ကိုအနိုင်ယူပြီး သမိုင်းသစ်ရေးထိုးလိုသည်ဟု ယခင်က ပြောကြားဖူးသည်။
ပီအက်စ်ဂျီသည် များမကြာမီ ရာသီများက ချန်ပီယံလိဂ်တွင် ခါးသီးသောရလဒ်များနှင့် ကြုံတွေ့ခဲ့ရသော်လည်း ယခုရီးရဲလ် ကို ရင်ဆိုင်ရန် ကြောက်ရွံ့မည်မဟုတ်ဟု ပီအက်စ်ဂျီ အသင်းသားများက ပြောသည်။
နေမာသည် ပီအက်စ်ဂျီအတွက် ခြေစွမ်းကောင်းများ ပြသ နေပြီး ရီးရဲလ်နှင့်ချန်ပီယံလိဂ်ပွဲ၌လည်း ခြေစွမ်းပြရန် မျှော်လင့်နေသည်။
ထိုအတောအတွင်း ရလဒ်ပိုင်းဆိုးရွားနေမှုနှင့် ပတ်သက်၍ ရီးရဲလ်အသင်းသားများက မိမိတို့ကိုယ်ကိုယ် အပြစ်တင်နေပြီး ယခုအခြေအနေ နောက်တန်း ကစားပုံမျိုးဖြင့် ပီအက်စ်ဂျီကို ရင်ဆိုင်ရန် မလွယ်ဟု ပြောဆိုနေသည်။
ရီးရဲလ်သည် လက်ရှိလာလီဂါတွင် ထိပ်ဆုံးမှဘာကာထက် ၁၈ မှတ်လျော့နည်းနေသော်လည်း ဇီဒန်းက ပြိုင်ပွဲ မပြီးဆုံး သေးဆိုသော စကားကို အမြဲ ပြောနေမည်ဟု ဆိုသည်။
—Ref: Marca/Skysport