အူဘာမီယန်ကို ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ဖို့ အာဆင်နယ် သဘောတူညီ
အာဆင်နယ်အသင်းဟာ ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန်ကို ကလပ်စံချိန်တင်ကြေး ပေါင် ၅၅.၄ သန်းနဲ့ ခေါ်ဖို့ သဘောတူညီချက်ရသွားပြီလို့ သိရပါတယ်။
အာဆင်နယ်ဟာ အူဘာမီယန်ကို တစ်ပတ်လစာပေါင် ၁၈၀၀၀၀ နဲ့၃ နှစ်ခွဲစာချုပ်ဖို့ ကမ်းလှမ်းထားပါတယ်။ ဒါဟာသူ့ကို အာဆင်နယ်ရဲ့ လစာအများဆုံးရသူအဖြစ် မှတ်တမ်းဝင်စေမှာပါ။ အခုဆိုရင်အာဆင်နယ် ပရိသတ် အချို့ဟာ အူဘာမီယန်ရဲ့ကျောနံပါတ်က ၁၄ လို့ယူဆပြီး အကျီင်္ပေါ်မှာ အဲဒီနံပါတ်ကို ရိုက်နှိပ်ဝတ်ဆင်နေတာ တွေ့ရပါတယ်။
နံပါတ် ၁၄ ကို ဂန္ထ၀င်ကစားသမား ဟင်နရီ ၀တ်ဆင်ခဲ့ပြီး အဲဗာတန်ကို ပြောင်းသွားတဲ့ ၀ဲလ်ကော့တ် လည်း ၀တ်ခဲ့ပါသေးတယ်။ သူရောက်လာမှုကြောင့် ဂီရော့ဒ်ကအသင်းကနေ ထွက်ရဖို့ ရှိနေပြီးသူ့ကို ချဲလ်ဆီးက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
-Ref; Sky sports