သာကေတပြည်ခိုင်ဖြိုး ဆုရကျောင်းသားများ ဆုချီးမြှင့်
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဖေနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင် များသည် ယမန်နေ့နံနက် ၁၁ နာရီက သာကေတမြို့နယ် (၇)အရှေ့ ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းအမှတ်(၁၃)မှ ပညာရည်ချွန် ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၄၂ဦးအား ငွေကျပ် ၁၂၅ဝဝဝတန်ဖိုးရှိ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်စသည့် စာရေး ကိရိယာများကို ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
TKA(သာကေတ)