ပြန်လည်ပေါင်းစည်းဖို့ မြောက်ကိုရီးယား ကမ်းလှမ်း

Photo: KRT via AP Video

 

တခြားနိုင်ငံတွေ အကူအညီမပါဘဲ တောင်-မြောက်နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းဖို့ အခက်အခဲအတားဆီးတွေ ကျော်လွှားသင့်ပြီလို့ ပြည်တွင်းပြည်ပက ကိုရီးယားအားလုံးအတွက် မြောက်ကိုရီးယား က ပေးပို့တဲ့ ရှားရှားပါးပါး ပါးလိုက်တဲ့ ကြေညာချက်တစ်စောင်မှာ ဖော်ပြလိုက်တယ်လို့ အစိုးရအာဘော် မီဒီယာက ပြောပါတယ်။

အစိုးရနဲ့ နိုင်ငံရေးပါတီတွေ ပူးတွဲအစည်းအဝေး ကျင်းပပြီးတဲ့နောက် ဒီကြေညာချက် ထွက်လာတာပါ။

တချိန်တည်းမှာပဲ ဆွစ်ဇာလန်နိုင်ငံ Davos မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံ တက်ရောက်နေတဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကတော့ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ မြောက်ကိုရီးယား နျူးကလီးယား အရေးကို သံရေးတမန်ရေးအရ ဖြေရှင်းရမယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

-Ref; RFA