မြောက်ကိုရီးယားတိုက်စစ်မှူး ဟန်ကွောင်ဆောင်ကို ခေါ်ယူရန် ဂျူဗင်တပ် ပစ်မှတ်ထား
ဂျူဗင်တပ်အသင်းဟာ ကက်ဂလီယာရီအသင်းက မြောက်ကိုရီးယား တိုက်စစ်မှူး ဟန်ကွောင်ဆောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဟန်ကွောင်ဆောင်ဟာ ၂၀၁၅မှာ ကက်ဂလီယာရီအကယ်ဒမီကို ရောက်ရှိလာခဲ့ပါတယ်။ ၂၀၁၇၊ ဧပြီလ (၂)ရက်နေ့က ပါလာမိုကို(၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားလဲကစားခွင့် ရရှိခဲ့ပြီး စီးရီးအေမှာ ကစားခွင့် ရရှိတဲ့ ပထမဆုံး မြောက်ကိုရီးယားကစားသမားဖြစ်ခဲ့ပါတယ်။
ယခုရာသီ စီးရီးဘီကလပ် ပီရူးဂျီယာအသင်းကို အငှားနဲ့ သွားရောက်ကစားစဉ်မှာလည်း ခြေစွမ်းပြ ကစားနိုင်ခဲ့ ပါတယ်။ ဒါပေမယ့်လည်း သူ့ကစားသမားဘ၀မှာ နိုင်ငံရေးရိုက်ခတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားဥပဒေအရ ပြည်ပရောက်နိုင်ငံသားတွေရဲ့ လစာကို အစိုးရက ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
-Ref; Sky sports