သီရိလင်္ကာတွင် အမျိုးသမီးများ အရက်သေစာ ဝယ်ယူခွင့် ပိတ်ပင်မှု ပယ်ဖျက်
ကိုလံဘို ဇန်နဝါရီ ၁၁
သိရိလင်္ကာနိုင်ငံတွင်နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဦးဆုံး အနေဖြင့် အမျိုးသမီးများအရက် သေစာဝယ်ယူခွင့် ပိတ်ပင်ထားသည့် ဥပဒေကို ပယ်ဖျက်လိုက်ကြောင်း သိရသည်။ သီရိလင်္ကာအစိုးရမှ အသက် ၁၈ နှစ်အထက် အမျိုး သမီးများအား အရက်သေစာဝယ် ယူခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
၁၉၅၅ခုနှစ်တွင်ချမှတ် ထားသည့်အမျိုးသမီးများအားခွဲခြား ဆက်ဆံခြင်း မပြုရသည့်ဥပဒေကို ပြန်လည် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု သိရိလင်္ကာအစိုးရ၏ပြောကြား ချက်အရသိရသည်။ အဆိုပါ ဥပဒေပြင်ဆင်ချက်ကို ယမန်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် ပြီး ယင်းဥပဒေအရ အမျိုးသမီး များအနေဖြင့် အရက်သေစာရောင်း ချသည့်နေရာများ၌ကြိုတင်ထောက်ခံ ချက်ရယူရန်မလိုဘဲ အလုပ်လုပ် ကိုင်ခွင့်ရှိသည်ဟု သိရသည်။
အဆိုပါ ဥပဒေသစ်အား သီရိ လင်္ကာ အမျိုးသမီးများစွာတို့မှ ထောက်ခံကြိုဆိုခဲ့ကြပြီး ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အစိုးရအား ကျေးဇူးတင်ရှိကြောင်း လူမှုမီဒီယာ များတွင် ရေးသားဖော်ပြခဲ့ကြသည် ဟု သိရသည်။ ဥပဒေသစ်အရ အမျိုးသမီးများအနေဖြင့်စားသောက် ဆိုင်များအပါအဝင် အခြားသောခွင့် ပြုချက်ချထားသည့် အရက်သေစာ ရရှိနိုင်သည့်နေရာများ၌ အလုပ် လုပ်ကိုင်ရန်နှင့် သောက်စားရန် အလို့ငှာ နိုင်ငံတော်၏ ယစ်မျိုးခွန် ဆိုင်ရာ မဟာမင်းကြီး၏ထောက်ခံ မှုကိုရယူရန်မလိုအပ်တော့ဟု သိရ သည်။
ယင်းလုပ်ဆောင်မှုနှင့်ပတ် သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုထောက်ခံနေစဉ်မှာပင် အချို့ ကလည်း အမျိုးသမီးများ အရက်သေစာ ပိုမိုစွဲလမ်းလာစေမည့် ဆောင်ရွက်ချက်ပင်ဖြစ်သည်ဟု ကန့်ကွက်ပြောဆိုနေကြ ကြောင်း သိရသည်။ သီရိလင်္ကာတွင် အမျိုး သမီးအများစုက အရက်သေစာ သည် သီရိလင်္ကာယဉ်ကျေးမှုနှင့် ဆန့်ကျင်သည်ဟုရှုမြင်ကာ အစဉ် အလာအားဖြင့် အရက်သေစာ သောက်စားမှုကိုရှောင်ကြဉ်ကြသည် ဟု သိရသည်။
Ref: BBC News