ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌနှင့် တိုင်းပါတီအတွင်းရေးမှူး ရေဦးမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

၂၇-၁၂-၂၀၁၈

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးတို့သည် ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က ရွှေဘိုခရိုင် ရေဦးမြို့နယ်ပါတီရုံးခန်းမ၌ မြို့နယ်ကော်မတီဝင်များ၊ပါတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းပါတီကော်မတီ
ဝင် ခရိုင်တာဝန်ခံ ဦးသန်းဝင်းထွန်း၊ ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေး၊ ခရိုင်ကော်မတီဝင်များ၊ ရေဦးမြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်စန်းနှင့် မြို့နယ်ကော်မတီဝင်များ စုစုပေါင်း(၃၀)ဦး တက်ရောက်၍ ပါတီလုပ်ငန်းများဆွေးနွေးခဲ့ကြပါသည်။

Read more

ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌနှင့် တိုင်းပါတီအတွင်းရေးမှူး ခင်ဦးမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

၂၇-၁၂-၂၀၁၈

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးတို့သည် ယမန်နေ့ နေ့လည် (၀၂:၀၀) နာရီအချိန်က ရွှေဘိုခရိုင် ရေဦးမြို့နယ်ပါတီရုံးခန်းမ၌ မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးသန်းဝင်းထွန်း၊ ရွှေဘိုခရိုင်ပါတီဥက္ကဌ
ဦးစိုးအေး၊ ခရိုင်ကော်မတီဝင်များ၊ ခင်ဦးမြို့နယ်ပါတီဥက္ကဌ ဦးထွန်းမြင့်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်၍ ပါတီလုပ်ငန်းများဆွေးနွေးခဲ့ကြပါသည်။

Read more

မောင်းထောင်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင်ဘုတလင်မြို့နယ်မောင်းထောင် ကျေးရွာအုပ်စုမောင်ထောင်ကျေးရွာ ဦးမောင်တိုး၏နေအိမ်ခြံဝင်းအတွင်း၌ ယမန်နေ့နံနက်၁၁နာရီတွင် ပြည်ခိုင် ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်း အနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မုံရွာ ခရိုင်ပါတီကော်မတီဝင် ဘုတလင် မြို့နယ်တာဝန်ခံ ဦးစိန်ဝင်းလှိုင် ၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းလှိုင်နှင့်မြို့နယ် ကော်မတီဝင်များ၊ ကျေးရွာ ပြည် ခိုင်ဖြိုးပါတီဝင်အင်အား ၁၂ဦး၊ စုစုပေါင်းအင်အား ၂၂ဦးခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။

Read more

ဝက်လက်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မောက်ကြိုးကျေးရွာ ပါတီဆိုင်းဘုတ်တင် ပါတီရုံးခွဲဖွင့်လှစ်

 

ဝက်လက် ဒီဇင်ဘာ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မောက်ကြိုး ကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲနှင့်ရပ်/ကျေး ပါတီရုံးခွဲဖွင့်လှစ်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

အဆိုပါပွဲကို ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးမြတ်မျိုးညွန့်၊ ခရိုင် ကော်မတီဝင် ဦးချစ်သန်း၊ ဦးနိုင်သန်းထွန်း နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးခိုင်၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင် များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

လုံးခင်း အခြေခံပညာအထက်တန်းကျောင်း ပထမအကြိမ်အာစရိယပူဇော်ပွဲသို့ ဖားကန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအလှူငွေလှူဒါန်း

 

ဖားကန့် ဒီဇင်ဘာ ၂၇

ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ် သည် ယနေ့နံနက် ၉ နာရီတွင် လုံးခင်း အခြေခံပညာအထက်တန်းကျောင်း ပထမ အကြိမ်အာစရိယပူဇော်ပွဲသို့တက်ရောက်ကာ ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့သည်။

အဆိုပါအာစရိယပူဇော်ပွဲသို့ ဖားကန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအင်ဖ ရောင်းဂမ်နှင့်အတူ မြို့နယ်ပါတီအတွင်းရေး မှူးဦးထွန်းမြင့်၊ မြို့နယ်ကော်မတီဝင်(လူငယ် တာဝန်ခံ)ဦးလွမ်းဝေ၊ လုံးခင်းအုပ်စုပါတီ ဥက္ကဋ္ဌ ဦးဇော်ပိုင်၊ နမ့်မဖြစ်အုပ်စုပါတီဥက္ကဋ္ဌ ဦးထွန်းလင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

လှည်းကူးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့်ပါတီအဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ရိပ်သာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရိပ်သာရပ်ကွက် ရန်ကင်း (၄)လမ်းရှိရပ်ကွက်ပါတီနာယကဦးတင်မြင့် နေအိမ်တွင် ကျင်းပကြောင်း သိရသည်။

Read more

မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း

 

မအူပင် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးကျင်းပသည့် မြို့ နယ်ပါတီကော်မတီ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁နာရီခွဲက မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ ၌ ကျင်းပခဲ့ကြောင်းသိရသည်။

Read more

နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နတ်မောက် ဒီဇင်ဘာ ၂၇

နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီခွဲမှစတင်ကာ မြို့နယ်ပါတီ ကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးကို မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ အတွင်း ရေးမှူး ဒေါ်အေးမာကြူ၊ ဘဏ္ဍာ ရေးမှူး ဦးသန်းပြုံးနှင့် မြို့နယ်ပါ တီကော်မတီဝင်များ၊ အရန်ကော်မ တီဝင်များတက်ရောက်ခဲ့သည်။

Read more

အမျိုးသမီးရေးရာက အိတ်ထိုး ပန်းထိုးသင်တန်းဆင်းပွဲ အခမ်းအနား

 

ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် စက်ကလေးကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂစာရအား အမှူးထား၍ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး ရေးရာအဖွဲ့၏ဦးဆောင်မှုဖြင့် တွံတေးမြို့နယ် စက်ကလေးကျေးရွာ၌ အိတ်ထိုး ပန်းထိုး သင်တန်းဆင်းပွဲကို ယနေ့လည် ၃ နာရီက ကျင်းပခဲ့ကြသည်။
အဆိုပါသင်တန်းသို့ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးမြင့်၊ ခရိုင်ကော်မတီဝင် သင် တန်းနည်းပြ ဒေါ်လဲ့လဲ့အောင်၊ တွံတေးမြို့ နယ်ပါတီအတွင်းရေးမှူး ဦးတင်ဝင်းထွန်း၊ အမျိုးသမီးရေးရာတာဝန်ခံဒေါ်ညွန့်ညွန့်သိန်း၊ မြို့နယ်ကော်မတီဝင် ဦးမြသောင်း၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌနှင့် အမျိုးသမီး ရေးရာတာဝန်ခံများ၊ သင်တန်းသူများတက် ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းအား သုံးရက်ကြာဖွင့် လှစ်ခဲ့ပြီး သင်တန်းသူ၁၅ဦးတက် ရောက် သင်ကြားကြကြောင်း သိရသည်။

Read more

၂၀၁၈ ခုနှစ်၏ အကောင်းဆုံး ကစားသမားဆုကို မောင်မောင်လွင်နှင့် ခင်မာလာထွန်း ရရှိ

၂၀၁၈ ခုနှစ်၏ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ရန်ကုန်အသင်း၏ မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မောင်မောင်လွင်နှင့် အကောင်းဆုံး အမျိုးသမီးဆုကို အာကာသိပ္ပံအသင်း၏ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ခင်မာလာထွန်း တို့ ရရှိခဲ့သည်။

ထို့အပြင် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း၊ လူငယ် အကောင်းဆုံး အမျိုးသားဆုကို လွင်မိုးအောင်နှင့် လူငယ်အကောင်းဆုံး အမျိုးသမီးဆုကို မြတ်နိုးခင် တို့ ရရှိခဲ့သည်။

Read more