ဆွမ်ဆီးအသင်း တန်းမဆင်းရဖို့အတွက် ကံကောင်းမှု မလိုအပ်ဘူးလို့ နည်းပြသစ် ကာဗာဟယ် ပြောကြား

ဆွမ်ဆီးနည်းပြသစ်ဖြစ်လာတဲ့ ကာဗာဟယ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့အတွက် ကံကောင်းမှု မလိုအပ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

ကာဗာဟယ်ဟာ ရှက်ဖီး/ယူနိုက်တက်ကနေထုတ်ပယ်ခံခဲ့ရပြီး လေးရက်အကြာမှာ ဆွမ်ဆီးနည်းပြဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အသင်းနဲ့ ရာသီကုန်အထိသဘောတူညီမှုရယူခဲ့ပြီး ရာသီကုန်မှာ ရလဒ်ကောင်းခဲ့မယ်ဆိုရင် အသင်းနဲ့ သက်တမ်းတိုးဖို့ သဘောတူညီမှုတစ်ရပ်ကိုလည်း ရယူသွားခဲ့ပါတယ်။

ကာဗာဟယ်က ” ဒီအချိန်မှာ ဆွမ်ဆီးအသင်း တန်းဆင်းရမလားလို့ လူအယောက်တစ်ရာကို မေးကြ့ည်ရင် တန်းဆင်း ရလိမ့်မယ်လို့ပဲ ပြောကြမှာပါ။ တချို့တော်တော်ကြီးကံကောင်းဖို့လိုတယ်လို့ ပြောကြမှာပါ။

ဒါပေမယ့်အခြေအနေတွေက ကျွန်တော့လက်ထဲကို ရောက်နေပါပြီ။ အသင်းအနေနဲ့ ခင်ဗျားတို့ ပြောသလို ကံကောင်းဖို့ မလိုပါဘူး။ အခြေအနေတွေအားလုံးက ကျွန်တော်တို့ လက်ထဲမှာပါ။ ကျွန်တော်တို့အကောင်းဆုံး စီမံခန့်ခွဲနိုင်ပါတယ်။ ဘုရားသခင်ချီးမြင့်ပေးမယ့်ကံကောင်းမှုမလိုအပ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

-Ref; Sky sports