စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ဗန်ဒိုက်ခ်ျကို လီဗာပူးခေါ်ယူလိုက်ပြီ

လီဗာပူးအသင်းမှာ ဆောက်သမ်တန် နောက်ခံလူ ဗန်ဒိုက်ခ်ျ ကို စံချိတင် ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်ြး ဖင် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

လီဗာပူးဟာ ဗန်ဒိုက်ခ်ျကို ပြီးခဲ့သည့် နွေရာသီကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆောက်သမ်တန်အသင်းက လီဗာပူးကို တရားမ၀င် ချဉ်းကပ်ခဲ့တယ်လို့ စွဲစွပ်ခဲ့ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်က တိုင်ကြားသွားခဲ့တာကြောင့် လီဗာပူးအနေနဲ့ နောက်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

အခုအခါမှတော့ လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ ဈေးအပြိုင်ပေးပြီး ပေါင် ၇၅သန်းနဲ့ ခေါ်ယူခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးပေးတဲ့ ပေါင် သန်း ၆၀ထက် ၁၅သန်း ပိုပေးခဲ့တာလည်း ဖြစ်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ ဗန်ဒိုက်ခ်ျကို ခေါ်ယူနိုင်ခဲ့ပြီဆိုတာကို အစောတလျင်ကြေညာလိုက်တဲ့အတွက်လည်း ဆောက်သမ်တန်အသင်းကို ပြန်လည်တောင်းပန် သွားခဲ့ပါတယ်။

လီဗာပူးအသင်းကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက်ကြောင့်လည်း ၀မ်းမြောက်မိတယ်လို့ ဗန်ဒိုက်ခ်ျက ပြောသွားခဲ့ ပါတယ်။ ဗန်ဒိုက်ခ်ျရဲ့ပြောင်းရွှေ့ကြေးပေါင် ၇၅သန်းဟာ မန်စီးတီးနောက်ခံလူ မန်ဒီရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၂သန်းကို ကျော်ဖြတ်ပြီး တန်ဖိုးအကြီးဆုံး နောက်ခံလူအဖြစ် စံချိန်သစ်တင် သွားခဲ့တာလည်းဖြစ်ပါတယ်။ 

 

—Ref: Sky sports