၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သွေးလှူဒါန်း

၁၅.၁၂.၂၀၁၇ နေ့တွင် ၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်စစ်တွေမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှလူငယ်ရေးရာအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ဂုဏ်ပြုသော ဇီဝိတဒါနသွေးလှူဒါန်းခြင်း အစီအစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် စစ်တွေမြို့ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ဗဟိုကော်မတီဝင် ပြည်နယ်ဘဏ္ဍာရေးမှူး စစ်တွေမြို့နယ်တာဝန်ခံဦးသန်းထွန်း၊ ပြည်နယ်ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးစန်းငွေ၊ မြို့နယ်ဥက္ကဌဒေါ်အေးမာခင်၊ မြို့နယ်အတွင်းရေးမှူး ဦးဘိုသံဒိုင်၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးအေးချမ်း၊ မြို့နယ်မီဒီယာတာဝန်ခံ ဦးကျော်သာ၊ လူငယ်ရေးရာခေါင်းဆောင် ဦးအောင်စစ်မင်း၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သန်းသန်းရီ။ မြို့နယ်ကော်မတီဝင်များ၊လူငယ်ရေးရာအဖွဲ့ဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး ၄၃နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကိုဂုဏ်ပြုလျှက် ဇီဝိတဒါန သွေးလှူဒါန်းခြင်း အလှူကိုပြုလုပ်ခဲ့ပါသည်။ အဆိုပါ သွေးလှူဒါန်းခြင်းအတွက် ၄၆ ဦးမှကြိုတင်သွေးစစ်ခဲ့ရာတွင် ၃၅ ဦးမှ အောင်မြင်စွာသွေးလှူဒါန်းနှိုင်ခဲ့ပါသည်။
စစ်တွေ ပြည်ခိုင်ဖြိုး



