ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင် ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ
ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် မန်ကျည်းပင်ကျေးရွာအုပ်စု မန်ကျဉ်းပင်ကျေးရွာရှိ ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁း၀၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးဝေလွင်က ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က ညောင်ပင်သာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော်ထံ လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပြီးနောက် ညောင်ပင်သာဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ဆွမ်းစားဆောင်တွင် ပြည်သူလူထုနှင့်တွေ့ဆုံရာ၌ မိဘပြည်သူများအား မတွေ့ဖြစ်သည် မှာ ကြာပြီဖြစ်ကြောင်း၊ ပါတီဝင်များကလည်း လာရောက်တွေ့ဆုံရန် ဖိတ်ကြားထားသဖြင့် ယခုကဲ့သို့ လာရောက်၍ တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ပါတီ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ တင်ပြချက်များအား ပြန်လည် ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ်ဥက္ကဋ္ဌ ဦးဝင်းဗိုလ်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေါ်ဦး