ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂ဝ၁၇)ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၄/၂ဝ၁၇) ကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပါတီဌာနချုပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂ဝ၁၇) ဆုံးဖြတ်ချက်များကို အတည်ပြုသည်။ ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အဆုံးအဖြတ်ရယူလိုသည်များနှင့် လိုအပ်ချက် များကို ရှင်းလင်းတင်ပြကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၁၄ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။