တိုက်ကြီးပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/ ၂ဝ၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင် မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်းနှင့် မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယုတို့က သင်တန်းဆင်းအမှာစကားများ ပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် မြောက်ပိုင်းခရိုင် တာဝန်ခံ ဦးတင်မောင်ဝင်း၊ မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌဦးတင်ယု၊ ခရိုင်ကော်မတီဝင်များ၊ မြောက်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များမှဥက္ကဋ္ဌများနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များနှင့် သင်တန်းသားသင်တန်းသူ များစုစုပေါင်းအင်အား ၁၂ဝ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်မောင်ဇော်(တိုက်ကြီး)