ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် လွိုင်ကော်မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ပါတီ စည်းရုံးရေးမှူးများ အမျိုးသမီးရေးရာကော်မတီဝင်များ တွေ့ဆုံပွဲအခမ်းအနား
လွိုင်ကော်၊ နိုဝင်ဘာ(၂၂)ရက်
ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌနှင့်ပြည်နယ်ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်ပါတီ ဥက္ကဌနှင့် ခရိုင်ကော်မတီ ၀င်များ၊ လွိုင်ကော်မြို့နယ် ပါတီဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ လွိုင်ကော်မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ပါတီစည်းရုံးရေးမှူးများ အမျိုးသမီးရေးရာကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားအား ယနေ့နံနက်(၁၀း၀၀) နာရီအချိန်တွင် လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းက အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ပါတီကော်မတီဝင်အသီးသီးက မိမိတို့ သက်ဆိုင်ရာရေးရာအလိုက် ရှင်းလင်းဆွေးနွေးကာ တက်ရောက် လာကြသော ရပ်ကွက်/ကျေးရွာပါတီ စည်းရုံးရေးမှူးများ၊ အမျိုးသမီးရေးရာ ကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအလိုက် လိုအပ်ချက်များကို အသီးသီး တင်ပြဆွေးနွေးကြပါသည်။
ယင်းနောက် ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အာင်သိန်းက တင်ပြချက်များအပေါ်ပြန်လည်ရှင်းလင်းဖြေကြားပြီး လွိုင်ကော်မြို့နယ်ပါတီ ဥက္ကဌ ဦးမောင်ရွှေက နိဂုံးချုပ်အမှာစကားပြောကြားပါသည်။ ယင်းတွေ့ဆုံပွဲအခမ်းအနားကို နေ့လည်(၁၂း၀၀)နာရီတွင် ရုပ်သိမ်းပြီး ပါတီဝင်အင်အားစုစုပေါင်း (၁၅၀)ဦးတက်ရောက်ကြောင်း သတင်းရရှိ ပါသည်။