ရတနာပုံတိုက်စစ်မှူးအောင်သူ ထိုင်းကလပ်သို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရ

 

(ဓာတ်ပုံ − MFF)

ရတနာပုံကလပ်အသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ် မှူး အောင်သူသည် လာမည့် ၂၀၁၈ ဘောလုံးရာသီ တွင် ထိုင်းကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှု ရရှိထားကြောင်း ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာစိုင်း ဆမ်ထွန်းက ပြောသည်။

‘‘အောင်သူကို ထိုင်းလိဂ်က ကလပ်အသင်းတွေက ကျွန်တော်တို့အသင်းကို တရားဝင် ကမ်းလှမ်းထားတာပါ။ အောင်သူကိုယ် တိုင်ကလည်း သွားကစားချင် တယ်လို့ ပြောပါတယ်။ ကမ်းလှမ်းလာတဲ့ အသင်းတွေထဲကမှ သူနဲ့ အဆင်ပြေနိုင်မယ့် Police Tero အသင်းကိုပြောင်းဖို့ အကြို သဘောတူဖြစ်တာပါ။ နိုဝင်ဘာ ၂၁ ရက် (ယနေ့) ညနေလောက် သူတို့အသင်းဘက်က ကျွန်တော် တို့ဆီလာပြီး အပြီးသတ်ဆွေး နွေးဆုံးဖြတ်တာတွေ လုပ်မှာပါ။ ပြောင်းဖြစ်ဖို့ များပါတယ်’’ဟု ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားသည်။

အသက် (၂၁) နှစ်အရွယ် တိုက်စစ်မှူးအောင်သူသည် မန္တ လေးဘောလုံးအကယ်ဒမီမှ ပေါ်ထွက်ခဲ့ပြီး လက်ရှိ တွင် မြန်မာလိဂ်ကလပ် ရတနာပုံအသင်း၌ ကစားနေသည်။

 အောင်သူသည် ၂၀၁၁ က စတင်ကာ သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံရပြီး အာရှဖလား ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၌ ပါဝင်နေသည်။

အောင်သူသည် ယခုနှစ် မြန်မာလိဂ်ပြိုင်ပွဲတွင် ရတနာပုံအသင်းအတွက် ခြောက်ဂိုးသာ သွင်းယူနိုင်သော်လည်း အသင်းဖော်များ ဂိုးရရှိရန် အကောင်းဆုံးဖန် တီးနိုင်ပြီး တိုက်စစ်ပိုင်း၌ ခြေစွမ်းပြခဲ့သည်။

ထိုင်းကလပ် Police Tero (ယခင် ဘီအီးစီတယ်ရိုဆက်စနာ) အသင်းကို မြန်မာလူမျိုး ဘရိုင် ယန်မာကာက ပူးတွဲပိုင်ဆိုင်ပြီး အောင်သူ၏ မိခင်ကလပ် ရတနာ ပုံအသင်းနှင့် မိတ်ဖက်အသင်းဖြစ်သည်။ ၂၀၁၃ တွင် Police Tero အသင်းသည် မြန်မာနိုင်ငံသို့ လာရောက်၍ ရတနာပုံ၊ ဧရာဝတီ၊ ရန်ကုန်အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ခဲ့ဖူးသည်။ Police Tero အသင်းသည် ယခုနှစ် ၂၀၁၇ဘောလုံးရာသီတွင် ထိုင်း လိဂ်-၁ ၌ ရမှတ် ၃၉ မှတ် ဖြင့် အမှတ်ပေး ဇယား အဆင့်(၁၄)နေရာတွင် ရပ်တည်နေသည်။

(7days)