ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ခရိုင် မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဗန်းမော် နိုဝင်ဘာ ၉

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ဗန်းမော်ခရိုင် ပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီကော်မတီဝင်ဦးသန်းဇော်လေးတို့က အမှာစကားပြောကြား၍ ခရိုင်ဦးစီးရုံးအဖွဲ့ဝင်များက ရုံးလုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ကြသည်။

ဆက်လက်၍ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝိုင်းက ပါတီလုပ်ငန်းများကိုဆွေးနွေးပြီး ခရိုင်ပါတီဘဏ္ဍာရေးမှူး ဦးကျော်စွာဝင်းက ဘဏ္ဍာရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့သည်။ ထို့နောက် ခရိုင်ပါတီကော်မတီဝင်များက မိမိတို့၏ သက်ဆိုင်ရာရေးရာကော်မတီလုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူ မြို့နယ်ပါတီဥက္ကဋ္ဌများ က ပါတီလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြညှိနှိုင်းကြပြီး ပြည်နယ်ပါတီ ကော်မတီဝင် ဦးဝင်းမောင်သိန်းက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ ကြောင်း သိရသည်။