မျက်စီကုသရေးနှင့်ဘောလုံးပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲများအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

တာချီလိတ်ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ထိုင်းနိုင်ငံအနှံနယ်လှည့် မျက်စီ၊ မျက်မှန် အထူးကုသနေသည့်အဖွဲ့ဖြင့် တာချီလိတ်မြို့ သို့လာရောက်ပြီး (အခမဲ့) ကုသရေးများ ဆောင်ရွက်ရန် နေရာများကို (၇-၁၁-၂၀၁၇) ရက်နေ့တွင် အောက်ပါအတိုင်း အစည်းအဝေးမှ ညှိနှိုင်းဆုံးဖြတ် သတ်မှတ်ခဲ့ကြပါသည်။

(က) ၇-၁၁-၂၀၁၇ ရက်နေ့ နေ့လည် (၁၂) မှ ညနေ (၆) နာရီထိ ဖန်မင်အုပ်စု။

(ခ) ၈-၁၁-၂၀၁၇ရက်နေ့ နံနက် (၈) နာရီ မှ ညနေ (၆) နာရီထိ ခရိုင်/  မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။

(ဂ) ၉-၁၁-၂၀၁၇ ရက်နေ့၊ နံနက် (၈) နာရီ မှ ညနေ (၆) နာရီထိ မိုင်းကိုး
အုပ်စု၊ ရန်ရှင်း (၄) ကျေးရွာတို့ ဖြစ်ပါသည်။

ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဒိုင်း၊ အပျော်တမ်းခြင်းလုံးပြိုင်ပွဲနှင့် တာလေမြို့နယ်တွင် ချစ်ကြည်ရေး ဘောလုံးပွဲအား ရပ်ကွက်တစ်ခုခြင်းမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ဆုငွေများ၊ ဆုတံဆိပ်များ ပေးနိုင်ရေးကိစ္စများ
နှင့် မျက်စီကုသရေးတွင် ပါဝင်ဆောင်ရွက်မည် လုပ်ငန်းများအား အသေးစိပ်ကို ခရိုင်/မြို့နယ်ပါတီနှင့် ရပ်ကွက်ပါတီခေါင်းဆောင်များက ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရှိရပြီး အစည်းအဝေးကို နံနက် (၉) နာရီမှ (၁၀း၃၀) အထိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အစည်းအဝေးပြီးသည့်နောက် တာလေမြို့နယ် နားအွန်ရွာ ကျေးလက် ဆေးပေးခန်းတွင် လိုအပ်နေသော ဆိုလာအင်ဗာတာနှင့် မီးလုံးများ ကျပ် (၈) သောင်းဖိုးအား လည်းကောင်း၊ တာလေမြို့နယ်၊ နားယောင်းအုပ်စု ကျော်အောင်ရွာ စိန်ဂျိုးဇာက်ဘုရားကျောင်းအတွက် လိုအပ်နေသော စိန်ဂျုဇက်ရုပ်တုတို့အား အလှူရှင် ဦးစိုင်းအုန်းပွင့်+ဒေါ်တင်မေထွန်း (ဗဟိုကော်မတီဝင်) တို့မှ လှူဒါန်ရာ ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်းနှင့် ခရိုင်/မြို့နယ် ကော်မတီဝင်များမှ အလှူရှင်များကိုယ်စား ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။