ပုဗ္ဗသီရီမြို့ ဆင်ဖြူရှင်ရပ်ကွက်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်
နေပြည်တော် နိုဝင်ဘာ ၎
နေပြည်တော် ပြည်ထောင်စုနယ်မြေပုဗ္ဗသီရီမြို့နယ် တပ်ပုဗ္ဗမြို့ရှိ ဆင်ဖြူရှင်ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီကပြုလုပ်ခဲ့ရာ ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးကျော်ညွန့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ ပါတီဝင်များနှင့် ရပ်မိရပ်ဖများစုံလင်စွာ တက်ရောက်ခဲ့သည်။
ပါတီဆိုင်းဘုတ်အား မြို့နယ်အတွင်းရေးမှူး ဦးကျော်ညွန့်၊ မြို့နယ်ကော်မတီဝင် (နယ်မြေ တာဝန်ခံ) ဦးချစ်ဝေ၊ ရပ်ကွက် စည်းရုံးရေးမှူး ဦးခင်မောင်လေးတို့က အမွှေးနံ့သာပက်ဖျန်းခဲ့ကြပြီး မြို့နယ်အတွင်းရေးမှူး ဦးကျော်ညွန့်က ပါတီ၏ဆောင်ရွက်နေမှုများနှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေများ နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားကို နံနက် ၁ဝ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
ကိုကိုလွင်