မြန်မာ-ထိုင်း စိန်ခေါ်ပွဲများ ပါဝင်သည့် ရိုးရာလက်ဝှေ့ပွဲ ဘားအံတွင် ကျင်းပမည်
(၆၂)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဘားအံမြို့တွင် ကျင်းပ မည် ဖြစ်ပြီး မြန်မာ-ထိုင်း စိန်ခေါ်ပွဲများ ပါဝင်မည်ဖြစ်သည်။
ကရင်ပြည်နယ် ဘားအံမြို့ရှိ သီရိအားကစားကွင်း၌ ကျင်းပမည့် အဆိုပါ လက်ဝှေ့စိန်ခေါ်ပွဲ ကို နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တစ်ရက်လျှင် တွဲဆိုင်းခုနစ်ဆိုင်း ပါဝင်မည်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲ ကျင်းပမည့် ရက်တိုင်းတွင် ကျပ်ခုနစ်သိန်းနှင့် ၁၀ သိန်းတန် အောင်လံလုပွဲစဉ်များ ထည့်သွင်းကျင်းပမည် ဖြစ်သည်။
နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် လက်ဝှေ့ပွဲ၌ မြန်မာ – ထိုင်း အဓိကငါးချီစိန်ခေါ်ပွဲအဖြစ် စောရန်ပိုင်နှင့် ထိုင်းမွေ လက်ဝှေ့သမား ပါဝိတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ သုံးချီစိန်ခေါ်ပွဲအဖြစ် ရွှေဖြူနှင့် စူပါရေချမ်း၊ ရွှေနီနှင့် ဒေါ်လာစိုး၊ လေးချီစိန်ခေါ်ပွဲအဖြစ် ထက်လင်းဦးနှင့် YKB သား၊ ငါးချီစိန်ခေါ်ပွဲအဖြစ် စောနိုင်ထွန်းနှင့် သက်ဆိုးပေ၊ စောလှမင်းနှင့် သူရအောင်၊ ရာဇာနှင့် စိုးဝင်းသန်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
နိုဝင်ဘာ ၈ ရက်တွင် မြန်မာ -ထိုင်း အဓိကငါးချီစိန်ခေါ်ပွဲအဖြစ် စောမင်းအောင်နှင့် ထိုင်းမွေ လက်ဝှေ့သမား ချမ်းနားဒယ်၊ ရန်နိုင်ထွန်းနှင့် ထိုင်းမွေလက်ဝှေ့သမား ဘောင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ လေးချီစိန်ခေါ်ပွဲအဖြစ် ပအိုဝ်းလေးနှင့် စောစေးဝါး၊ စေထွန်းမြိုင်နှင့် ဇာနည်မောင်၊ အောင်ဇော်ဟိန်းနှင့် ကော့ကယ်၊ ငါးချီစိန်ခေါ်ပွဲအဖြစ် ထူးနေသူနှင့် စောသားငယ်၊ ရာအူးဖလုံနှင့် ကြယ်စင်ထူးတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
နိုဝင်ဘာ ၉ ရက်တွင် မြန်မာ-ထိုင်း အဓိကငါးချီစိန်ခေါ်ပွဲအဖြစ် ယှူးခလိန်းမီနှင့် ထိုင်းမွေ လက်ဝှေ့သမား ချိုင်းယိုး၊ သွေးသစ်အောင်နှင့် ထိုင်းမွေလက်ဝှေ့သမား ကန်နာလစ်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ လေးချီစိန်ခေါ်ပွဲအဖြစ် ချစ်ကိုနှင့် ဝမ်းဝမ်း၊ အောင်ရဲလင်းနှင့် ကျော်စွာဝင်း၊ ရဲသွေးအောင်နှင့် ရိုးသပြေ၊ ငါးချီစိန်ခေါ်ပွဲအဖြစ် ရဲဝင်းနှင့် လွမ်ချိုင်း၊ စန်းသူဦးနှင့် ရွှေမင်းရာဇာတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာ-ထိုင်း အဓိက ငါးချီစိန်ခေါ်ပွဲအဖြစ် ရဲသွေးနီနှင့် ထိုင်းမွေလက်ဝှေ့သမား နာတာလီ၊ စောဘဦးနှင့် ထိုင်းမွေလက်ဝှေ့သမား ဖဲတလနတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ သုံးချီစိန်ခေါ်ပွဲအဖြစ် ယူထက်ပိုင်နှင့် ချစ်လေးအောင်၊ လေးချီ စိန်ခေါ်ပွဲအဖြစ် ကျော်အဲပညာနှင့် ကျောက်ရိုင်း၊ ငါးချီစိန်ခေါ်ပွဲအဖြစ် ဇွဲလင်းအောင်နှင့် ရှမ်း လေး၊ အောင်မင်းသူနှင့် စွမ်းဇာနည်၊ ဒေါင်းဖြူလေးနှင့် ဂျစ်တူးတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာ-ထိုင်း အဓိကငါးချီစိန်ခေါ်ပွဲအဖြစ် ဖျံသွေးနှင့် ထိုင်းမွေလက်ဝှေ့သမား လုဇယားတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ သုံးချီစိန်ခေါ်ပွဲအဖြစ် စကြဝဠာမောင်နှင့် အာကာသမောင်၊ လေးချီစိန်ခေါ်ပွဲအဖြစ် မိုးထက်အောင်နှင့် ထရိန်း၊ လှိုင်းထက်အောင်နှင့် မြှားကလေး၊ ငါးချီစိန်ခေါ်ပွဲအဖြစ် သပြေအောင်နှင့် သက်ပိုင်အောင်၊ ရွှေဖားစည်နှင့် သုထက်အောင်၊ ကညောထူးနှင့် မင်းမောင်မောင်၊ သပြေညိုနှင့် ကြယ်လင်း အောင်တို့ ယှဉ်ပြိုင် မည်ဖြစ်သည်။
(7days)