ပြည်ခိုင်ဖြိုးတီမှ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ အလှူငွေများ လှူဒါန်း
စစ်တွေမြို့နယ် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ လိုအပ်လျက်ရှိသော ကုဋီတစ်လုံး တည်ဆောက်ရန်အတွက် အလှူငွေကျပ် ငါးသိန်းအား ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများသည် အဆိုပါဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ လှူဒါန်းခဲ့ကြသည်။
အဆိုပါ အလှူငွေများလှူဒါန်းရာသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ရခိုင်ပြည်နယ်ခေတ္တ၀န်ကြီးချုပ်ဟောင်း၊ ပြည်နယ် ကော်မတီဝင် ဦးမြအောင် (ဗဟိုကော်မတီဝင်)၊ စစ်တွေခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အတွင်းရေးမှူး ဒေါ်မြမြအေး၊ စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်၊ အတွင်းရေးမှူး ဦးဘိုသံဒိုင်နှင့် မြို့နယ်ကော်မတီဝင် များက သွားရောက်လှူဒါန်းကြခြင်းဖြစ်သည်။
Crd;