Windows 10 on ARM အသုံးပြုထားပြီး ခေါက်နိုင်တဲ့ tablet တစ်မျိုးကို Microsoft ဖန်တီးနေ
၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တုန်းက Courier လို့ခေါ်တဲ့ ခေါက်နိုင်တဲ့ tablet တစ်မျိုးကို Microsoft ဖန်တီးနေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ အများကြီးထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီထုတ်ကုန်ဟာ တကယ်တမ်း ထွက်ပေါ်လာခြင်းမရှိဘဲ Apple iPad တွေက tablet ဈေးကွက်ကို ကြီးစိုးခဲ့ပါတယ်။
အခုအခါမှာတော့ Microsoft က Courier ကိုဖျက်သိမ်းပြီး အလားတူအခြားထုတ်ကုန်တစ်ခု ဖန်တီးနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ Andromeda လို့ခေါ်ဆိုတဲ့ အဲ့ဒီထုတ်ကုန်က ခေါက်နိုင်တဲ့ tablet တစ်ခုဖြစ်ပြီး Windows 10 on ARM ကိုအသုံးပြုထားတယ်လို့ ဆိုပါတယ်။
Tablet မှာ တယ်လီဖုန်း လုပ်ဆောင်ချက်တွေပါဝင်ပြီး tablet ကိုခေါက်ထားတဲ့အခါမှာ အိတ်ကပ်ထဲထည့်ပြီး သယ်ဆောင်သွားနိုင်သလို built-in Notebook app နဲ့ တကယ့် မှတ်စုစာအုပ်တစ်အုပ်မှာ ရေးမှတ်သလိုမျိုး ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
Andromeda မှာ နောက်ဆုံးပေါ် Snapdragon SoC ကို မြင်တွေ့ရဖွယ်ရှိပါတယ်။ အဲ့ဒီထုတ်ကုန် စတင်ရောင်းချမယ့်အချိန် အတိအကျကို မသိရသေးပေမယ့် ၂၀၁၈ ခုနှစ်မှာ ရောင်းချသွားဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
-နောင်နောင်
Ref: GSMArena