ငါးခိုးဖမ်းတဲ့ ထိုင်းရေယာဉ်အမှု အင်ဒိုနီးရှား အနိုင်ရ

အင်ဒိုနီးရှား ရေပိုင်နက်ထဲ ငါးခိုးဖမ်းတာနဲ့ လူကုန်ကူးတာတွေနဲ့ ဆက်စပ်ပြီး ထိုင်းရေယာဉ်တစင်းကို ဖမ်းဆီးထားတဲ့ကိစ္စ နှစ်နှစ်ကြာ တရားရင်ဆိုင်ရပြီးတဲ့နောက် အမှုနိုင်သွားပြီလို့ အင်ဒိုနီးရှား ငါးလုပ်ငန်းနဲ့ ရေကြောင်းရေးရာဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ငါးခိုးဖမ်းတဲ့ကိစ္စ အများပြည်သူကို ပညာပေးနိုင်အောင် အအေးခန်းပါပါတဲ့ Silver Sea 2 ငွေပင်လယ် ရေယာဉ်အမှတ်-၂ ကို ပြတိုက်မှာပြသထားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

တရားမဝင်ငါးဖမ်းနေတာတွေကို နှိမ်နင်းနေချိန်နဲ့ ငါးဖမ်းလုပ်ငန်းနဲ့ လူကုန်ကူးမှုဆက်စပ်နေတာကို အေပီသတင်း ဌာနက စုံစမ်းဖော်ထုတ်ပြီးတဲ့နောက် ထိုင်း ငါးဖမ်းရေယာဉ်ကို ၂၀၁၅ သြဂုတ်လမှာ အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးမိတာပါ။

ဆူမတြားကျွန်းနားမှာ ဖမ်းမိတာဖြစ်ပြီး ထိုင်းမာလိန်မှူးကို လူမှောင်ခိုကူးမှု၊ တရာမဝင်ဖမ်းမိတဲ့ငါးတွေ သယ်ဆောင်မှု စတာတွေနဲ့ ဖမ်းဆီးစုံစမ်းစစ်ဆေးတဲ့အမှုဖြစ်ပါတယ်။

ဒီငါးဖမ်းလုပ်ငန်း စုံစမ်းဖော်ထုတ်ရေးသားတဲ့ အေပီသတင်းဌာနလည်း ပူလစ်ဇာဆုရရှိတဲ့အပြင် မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုနိုင်ငံသား ၂၀၀၀ ကျော်လည်း ရောင်းစားခံရတဲ့ ဘဝက လွတ်မြောက်ခဲ့ပါတယ်။

(RFA)