ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံ

အောက်တိုဘာ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များသည် အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ် ပါတီရုံး၌ ကျင်းပသော အင်္ဂပူမြို့နယ် အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ၊ရပ်ကျေးကော်မတီများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်မှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေလင်းအောင်မှမိမိမြို့နယ်အခြေအနေ မိမိမြို့နယ်ပါတီလုပ်ငန်း ဆောင်ရွက်ထား ရှိမှုများအားတင်ပြသည်။ ထို့နောက် တက်ရောက်လာသူများထဲမှ တင်ပြလိုသည်များအား တင်ပြခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်မှုဆောင် ဦးဝဏ္ဏမောင်လွင်မှ လမ်းညွှန် အမှာစကားပြောကြားကာ တွေ့ဆုံပွဲအစီအစဉ် အောင်မြင်စွာပြီးဆုံးခဲ့သည်။

#ပသဆ