ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ဈာပနပွဲ

ယနေ့ ည ဆယ်နာရီတွင် မီးသဂြိုလ်မယ့် ဘုရင်ကြီး ဈာပနတော်သို့ ထိုင်းပြည်သူ နှစ်သိန်းကျော် ရောက်ရှိနေ

ထိုင်းနိုင်ငံမှာ နတ်ရွာစံ ဘုရင်ကြီး ဘူမိဘော အဒူယာဒက်ရဲ့ ၅ ရက်ကြာ ဈာပန အခမ်းအနား အဓိက နေ့ရက် ရောက်ရှိလာပြီဖြစ်လို့ ပူဆွေးဝမ်းနည်းနေတဲ့ ထိုင်းပြည်သူ အများ ဘန်ကောက်မြို့တော်မှာ စုဝေး နေကြပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်၊ ကြာသပတေးနေ့မှာ ဘုရင်ကြီး ဘူမိဘောရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

နိုင်ငံတဝန်း ရုံးပိတ်ရက် ကြေညာထားပြီး၊ ရှိသမျှ ဈေးတွေ ဆိုင်တွေ အများစုလည်း ပိတ်ထားကြပါတယ်။

ဘုရင်ကြီး ဘူမိဘောရဲ့ ဈာပန ပွဲကို နိုင်ငံပေါင်း ၄ဝ ကျော်က တော်ဝင် မိသားစုတွေ တက်ရောက်မှာ ဖြစ်ပါတယ်။

ဘုရင်ကြီးရဲ့ အရိုးပြာကို သောကြာနေ့မှာ နန်းတွင်းကို ပြန်လည် သယ်ဆောင်မှာ ဖြစ်ပြီး ဈာပန အခမ်းအနား နောက် ၂ ရက် တိုင် ကျင်းပမှာ ဖြစ်ပါတယ်။