ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းနှင့်အဖွဲ့သည် (၂၂-၁၀-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ဖာတီမာကုန်းကျေးရွာ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခဲ့ပါသည် ။
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းနှင့်အဖွဲ့သည် နေ့လည်စာ သုံးဆောင်ပြီး နေ့လည် (၁၂း၃၀) နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ရန်ရှင်း (၄)ကျေးရွာ ပါတီဝင်များဖြင့် တွေ့ဆုံရန် ဆက်လက်ကွင်းဆင်းခဲ့ကြပါသည်။
 
နေ့လည် (၁) နာရီတွင် ရန်ရှင်း(၄)ကျေးရွာ ပါတီခေါင်းဆောင် ဦးကျအူ အိမ်တွင် လက်ထောက်သူကြီး အာပရာဟန်နှင့်အတူ ပါတီဝင် (၃၀) ဦးဖြင့် တွေ့ဆုံ၍ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ ပါတီ၏ ရှေ့လုပ်ငန်းစဉ် များကို အသေးစိပ်ဆွေးနွေးပြီး ကျေးရွာတင်ပြချက်များကို မှတ်တမ်းတင် ခြင်း၊ ကူညီဖြေရှင်းနိုင်ရေးကိစ္စများကို ညိုနှိုင်းခဲ့ကြပါသည်။
 
ထို့နောက် ဆက်လက်ပြီး ပါဘီးကျေးရွာသို့သွားရောက်ပြီး မမိုးလာ၊ အသက်(၂၂) နှစ် ခရစ်တော်တွင် အိပ်ပျော်ခြင်းနာရေးသို့ သွားရောက်၍ ဆုတောင်းခြင်း၊ နာရေးရှင်များအား အားပေးနှစ်သိမ့်ခြင်း၊ နာရေးကူညီ ငွေကျပ် (၂၀၀၀၀) ထည့်ဝင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ညနေ(၁၆း၀၀)နာရီတွင် တာချီလိတ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
 
Crd;