အန္တိမအဂ္ဂိ ဈာပနပွဲ ကျင်းပနိုင်ရေးအတွက် လျှောက်ထားပြီး လိုအပ်သည်များ လှူဒါန်းဆက်ကပ်
(မြစ်ကြီးနား)
ဘ၀နတ်ထံပျံလွန်တော်မူပြီးဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ၊ ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက၊ဘဒ္ဒန္တသီလ၀ံသ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား စည်ကားသိုက်မြိုက်စွာ ပူဇော်နိုင်ရေးအတွက် မြစ်ကြီးနားမြို့ သို့ ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတိုင်ပင်ခံ ဦးသိန်းဇော် ၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးအုန်းမြင့်နှင့် ဦးမြင့်စိုး၊ အမှတ်( (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်ညီညီဆွေ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်( ငြိမ်း) ပြည်နယ်ပါတီနာယက ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များသည် ယနေ့ (၁၉-၁၀-၂၀၁၇) ရက်နေ့ နံနက်ပိုင်း တွင် ၀န်းသိုကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကေတုမာလာနှင့် ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဈာပနကိစ္စအတွက် လိုအပ်သည်များကို လျှောက်ထား ဆွေးနွေး၊ ဖြည့်ဆည်းလှူဒါန်းမှုပြုခဲ့ကြောင်း သိရှိရပါသည်။
Crd;