မက်ဆီ၊ နေမာနှင့် ရော်နယ်ဒိုတို့သည် ကမ္ဘာပေါ်တွင် အတုမရှိသော ကစားသမားများဟု တော့တီပြောကြား
ဘောလုံးလောကမှ အ နားယူပြီး နည်းပြဘဝစတင်ရန် ပြင်ဆင်နေသော ရိုးမားကြယ် ပွင့်ဟောင်း တော့တီက အာဂျင် တီးနားတိုက်စစ်မျူး မက်ဆီ၊ ဘရာဇီးတိုက်စစ်မှူး နေမာနှင့် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို တို့သည် ကမ္ဘာပေါ်တွင် အတုမရှိ သော ကစားသမားများဖြစ်သည် ဟု ပြောကြားသည်။
၎င်းတို့သုံးဦးစလုံး ဖီဖာအ ကောင်းဆုံးအမျိုးသားကစားသ မားဆုအတွက် ဆန်ခါတင်စာရင်း တွင် ပါဝင်လာ၍ ဝမ်းမြောက် ကြောင်း တော့တီက ပြောကြား သည်။
ရိုးမားအသင်း၏ ဆဋ္ဌမ မြောက်ဘုရင်ဟု တင်စားခံရသူ တော့တီက ယင်းကစားသမားသုံး ဦးတွင် ရော်နယ်ဒိုက အခြား ကစားသမားများထက် ပိုသာ သည်ဟု ပြောကြားသည်။
ထို့အပြင် နည်းပြများထဲတွင် ရီးရဲလ်နည်းပြ ဇီဒန်းကို ချီးကျူးပြီး ၎င်းသည်အရာအားလုံး အနိုင်ရထားသော နည်းပြဖြစ် သည်ဟု တော့တီက ပြောသည်။
အီတလီဂိုးသမား ဘူဖွန်ကိုလည်း ချီးကျူးပြီး ဘူဖွန်ကို ပင်နယ်တီလေးကြိမ်ကန်သွင်းရာ နှစ်ကြိမ်သာ ဂိုးသွင်းယူနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။
—Ref:Fifa