Taylor Swift ၏ ပရိသတ်များအတွက် Social Network အသစ် The Swift Life

Social Media တစ်ခုတည်းတွင် သင်နှင့်အတွေးတူ၊ အကြိုက်တူသူများ စုဝေးနေပြီး မျှဝေနိုင်မည့်နေရာတစ်ခုကို Taylor Swift ၏ပရိသတ်များအဖို့ စတင်စိတ်ကူးယဉ်နိုင်ပြီဖြစ်သည်။ Taylor Swift သည် သူမ၏ Social Media ကို စတင်ထုတ်လွှင့်ခဲ့ပြီဖြစ်ကာ The Swift Life ဟု အမည်ပေးထားကြောင်း သိရပြီး Glu နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီသည် ယခင်က Katy Prry Pop နှင့် Kim Kardashian: Hollywood app များကို ဖန်တီးခဲ့ဘူးသည်။ အဆိုပါ Social Media အသစ်သည် Google Play နှင့် App Store တို့တွင် ရရှိမည်ဖြစ်ပြီး Glu CEO မှ ဒစ်ဂျစ်တယ်ဖျော်ဖြေရေးအသစ်ဟု ဆိုထားခဲ့သည်။

အဆိုပါ Platform သည် Instagram နှင့် Tumblr တို့ကဲ့သို့ ထင်ရှားသည့် Network များနှင့် ဒီဇိုင်းအရတူညီပြီး အထူး Content များနှင့် Taylor Swift နှင့် တိုက်ရိုက်ထိတွေ့ခွင့်များပါ ပါဝင်မည်ဟု ဆိုထားသည်။

ထို့အပြင် Taylor Swift ၏ ကိုယ်ပိုင် emoji set ကိုလည်း ထုတ်လုပ်ပေးမည်ဟုဆိုပြီး Taymojis ဟု အမည်ပေးထားကြောင်း သိရသည်။ The Swift Life ကို မကြာမီ beta အဖြစ် စတင်တော့မည်ဟု သိရပြီး 2017 နှစ်ကုန်တွင် တစ်ကမ္ဘာလုံးမှ သုံးစွဲနိုင်ရန် ဖြန့်ချိပေးသွားမည်ဟု ဆိုသည်။

NetGuide Journal (Every Wednesday)

https://www.facebook.com/officialnetguidejournal