နွားထိုးကြီး ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းလောင်းလှူ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယကအဖွဲ့ဝင် ပြည် ထောင်စုဝန်ကြီး(ငြိမ်း)ဦးဥာဏ်ထွန်းအောင်နှင့်ဇနီး ဒေါ်ဝေဝေမိသားစု က ဇာတိမြေဆွမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်က နွားထိုးကြီး မြို့နယ် လုံးတောကျေးရွာရှိ နှစ် ၁ဝဝ ကျော်က မိုးကောင်းရှေးဘုရား တွင် ပင့်သံဃာအပါး၁၂ဝကို ဆွမ်းလောင်းလှူပြီး လှူဖွယ်ပစ္စည်းများ လှူဒါန်းသည်။

ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးဥာဏ်ထွန်းအောင်နှင့်မိသားစုက နွားထိုးကြီးပုညဝတီ သီလရှင်စာသင်တိုက်တွင်လည်း ဗလာစာအုပ် ဒါဇင် ၅ဝ၊ စောင်၊ ခြင်ထောင်နှင့်ငွေကျပ်တစ်သိန်းကို   လည်းကောင်း၊ လုံးတောရွာ အထကကျောင်းသစ်အတွက် အင်ဂျင်မီးစက်တစ်လုံး၊ အသံချဲ့စက်တစ်စုံနှင့် ဗလာစာအုပ်ဒါဇင် ၁ဝဝ ကိုလည်းကောင်း လှူဒါန်းသွားကြောင်း သိရသည်။

ခင်ဇာမွန်မြင့်(ဥပဒေ)