ကရင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ ကျေးရွာလူထုနှင့်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်

 

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ်အတွင်းရေးမှူးဦးစန်းကို၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင့်၊ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ဦးအောင်သိန်းဝင်း၊ ခရိုင် ကော်မတီဝင်နယ်မြေတာဝန်ခံဦးသက်ထွေးလွင်နှင့်ဦးအောင်မျိုးထွန်း၊ မြဝတီမြို့နယ်ဥက္ကဋ္ဌ ဦးထွန်းနေအောင်နှင့် မြို့နယ်ကော်မတီဝင်များ တို့သည် ယနေ့နံနက် ၁ဝ နာရီခွဲတွင် မြဝတီမြို့နယ် မဲ့ပလဲ့ကျေး ရွာအုပ်စု စမ္ပါလိုက်ကျေးရွာသို့သွားရောက်၍ ကျေးရွာလူထုနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပါတီ စည်းရုံးရေးကိစ္စများဆွေးနွေးခဲ့ကြပြီး ကျေးရွာကထိန်အတွက် ကျောင်းထိုင်ဆရာတော်ထံ အလှူငွေကျပ်သုံးသောင်းကို ပြည်နယ် အတွင်းရေးမှူးဦးစန်းကိုက လှူဒါန်းခဲ့သည်။ တွေ့ဆုံပွဲသို့ အင်အား ၅ဝ ခန့် တက်ရောက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာရုပ် သိမ်းခဲ့သည်။

SL