ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း တိုင်ဆန်ဖျူရီ ကြိုးဝိုင်းထဲ ပြန်လာတော့မည်
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း တိုင်ဆန်ဖျူရီဟာ လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ ကြိုးဝိုင်းအတွင်းကို ပြန်လာတော့မယ်လို့ သိရပါတယ်။
တိုင်ဆန်ဖျူရီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းက ဝလာဒီမာ ကလစ်ရှ်ကို နဲ့ ထိုးသတ်ခဲ့ပြီးတဲ့ ပြိုင်ပွဲပြီးဆုံးချိန် ကတည်းက အနားယူနေခဲ့တာဖြစ်ပြီးတော့ လာမယ့်နှစ်မှာ ပြန်လည် ထိုးသတ်တော့မှာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် တိုင်ဆန်ဖျူရီဟာ စိတ်ကျရောဂါခံစားရတာနဲ့ ဆေးဝါးသုံးစွဲမှုတွေကြောင့် လက်ဝှေ့လိုင်စင် မရှိသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် လာမယ့် ၂၀၁၈ ခုနှစ်မှာတော့ ပွဲကြီး ၃ ပွဲထိုးသတ်မယ်လို့ ကြေညာထားခဲ့ပြီးတော့ ဧပြီလမှာ ပွဲကြီးတပွဲ၊ နွေရာသီမှာ Mega Fight တပွဲနဲ့ နှစ်ကုန်ပိုင်းမှာ ပွဲကြီးတပွဲ ထပ်မံထိုးသတ်သွားမယ်လို့ သူ့ရဲ့ တွစ်တာ အကောင့်ကနေ ရေးသားထားခဲ့ပါတယ်။
ပြိုင်ပွဲအရေအတွက်ကို ကြေညာထားခဲ့ပေမယ့်လည်း ဘယ်သူတွေနဲ့ ထိုးသတ်မယ်ဆိုတာတော့ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသေးပါဘူး။
သုံးသပ်သူတွေကတော့ ဗြိတိန်နာမည်ကြီး လက်ဝှေ့ကျော် အန်တိုနီဂျော်ရွှာ ပါလိမ့်မယ်လို့ ယူဆနေကြပါတယ်။
-Ref; Sky sports