NCA စာချုပ်သုံးသပ်မှု ပူးတွဲကြေညာချက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်မည်

 

NCA အရ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ခဲ့ရသော အားသာချက်၊ အားနည်းချက် သုံးသပ်မှုများကို အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက ပထမအကြိမ် ပူးတွဲကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း နှစ်ဖက်ပြော ရေးဆိုခွင့်ရှိသူများက ပြောသည်။

အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA)လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေး ဆိုင်ရာ ပူးတွဲကြေညာချက်ကို အောက်တိုဘာ ၁၅ ရက်တွင် ကျ ရောက်သည့် NCA (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့၌ ထုတ်ပြန်မည် ဖြစ်သည်။

‘‘အောင်မြင်ခဲ့တာတွေရော၊ နောက် ရှေ့ဆက်လုပ်ရမယ့်ဟာ တွေရော နှစ်ဦးနှစ်ဖက်ကတော့ အတူတကွ ဆက်လုပ်သွားမယ်ဆို တဲ့ ကတိပြုချက်မျိုးကို ပူးတွဲကြေ ညာချက်သဘောမျိုး ထုတ်ပြန် သွားမှာပါ’’ဟု NCA လက်မှတ်ထိုး ရှစ်ဖွဲ့မှ ပအိုးဝ်အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောသည်။ ၂၀၁၆ က ကျင်းပခဲ့သည့် တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် မူ ယင်းသို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းမပြုခဲ့ပေ။

ပူးတွဲ ကြေညာချက်တွင် ထည့်သွင်းဖော်ပြမည့် အချက်အလက်များနှင့်ပတ်သက်ပြီး အစိုးရ နှင့် NCA လက်မှတ်ထိုးရှစ်ဖွဲ့ ကိုယ်စားလှယ်တို့ ညှိနှိုင်းနေကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။  သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ‘‘ကျွန်တော်တို့ မှန်းထားတာတော့ အစိုးရနဲ့ EAO ရဲ့ပူးတွဲထုတ်ပြန် ကြေညာချက် ဖတ်ကြားဖို့တော့ စီစဉ်ထား တယ်’’ဟု ပြောသည်။

NCA နှစ်ပတ်လည်အခမ်းအ နားတွင် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် တစ်ဦးတို့ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။  ထို့ပြင် NCA အရ စုဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေး နွေးမှုပူးတွဲကော်မတီ (UPDJC) ၏လုပ်ငန်းတိုးတက်မှုအစီရင်ခံစာ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)၏ လုပ်ငန်းတိုး တက်မှုဆိုင်ရာ အစီရင်ခံစာများ ကိုလည်း ဖတ်ကြားရန် အခမ်းအ နားအစီအစဉ်တွင် ထည့်သွင်း ထားသည်။

NCA စာချုပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့သည် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်လွတ်မြောက်ရေး ပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)၊ ဒီမိုကရေ စီအကျိုးပြု ကရင့်တပ်မတော် (DKBA)နှင့် KNLA-PC ငြိမ်းချမ်း ရေးကောင်စီတို့ဖြစ်သည်။