Kirin 659 chipset သုံးထားပြီး ရေစိုခံတဲ့ WaterPlay tablet ကို Honor မိတ်ဆက်

Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ဟာ 7X ဟန်းဆက်နဲ့အတူ WaterPlay tablet ကို မိတ်ဆက်ခဲ့ ပါတယ်။ WaterPlay ဟာ IP67 အဆင့် ရေစိုခံနိုင်ပြီး ရေအောက် ၁ မီတာအနက်မှာ မိနစ် ၃၀ ခန့် အသုံးပြု နိုင်ပါတယ်။

Honor 7X အတိုင်း Kirin 659 chipset ကို အသုံးပြုထားပြီး RAM က 3GB ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏက 32GB ဖြစ်ပါတယ်။ ဒါ့အပြင် 4GB/64GB ဗားရှင်းနဲ့လည်း ရရှိနိုင်ပါတယ်။

Tablet မှာ ၁၀.၁ လက်မ 1,920 x 1,200 touchscreen ပါဝင်ပါတယ်။ ကျောဘက်ကင်မရာက 8MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာလည်း ပါဝင်ပါတယ်။ MicroSD card slot, fingerprint sensor နဲ့ 3.5mm နားကြပ် ပေါက်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီက 6,660mAh ဖြစ်ပြီး 18W fast charging ပါဝင်ပါတယ်။ Android 7.0 Nougat နဲ့ Huawei EMUI 5.1 ကို အသုံးပြုထားပါတယ်။

ချိတ်ဆက်မှုအပိုင်းမှာတော့ LTE, Wi-Fi 802.11ac, Bluetooth 4.1+LE, GPS နဲ့ USB Type-C port တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဒီ tablet ကို အောက်တိုဘာ ၂၄ ရက်မှာ တရုတ်နိုင်ငံအတွင်း စတင်ရောင်းချမှာ ဖြစ်ပါတယ်။ တန်ဖိုးက 3GB/32GB Wi-Fi အတွက် ၃၀၃ ဒေါ်လာ ဖြစ်ပါတယ်။ 4GB/64GB Wi-Fi ဗားရှင်းအတွက် ၃၆၄ ဒေါ်လာဖြစ်ပြီး 4GB/64GB LTE အတွက် ၄၀၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena