အကြမ်းဖက်တိုက်ခိုက်ခံရသူများကို ကူညီရန် ရခိုင်မြောက်ပိုင်းသို့ UNA ယနေ့သွားမည်
အကြမ်းဖက်တိုက် ခိုက်ခံရသော တိုင်းရင်းသားမျိုးနွယ်စုများကို အားပေးကူညီရန် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် အချို့သို့ အောက်တိုဘာ ၁၂ ရက် (ယနေ့) သွားရောက်မည် ဖြစ်သည်။ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသည့် UNA၏ သုံးရက်ခန့်ကြာမည့် အဆိုပါ ခရီးစဉ်သည် အကြမ်းဖက်တိုက် ခိုက်ခံရမှုကြောင့် အခက်အခဲရှိသများထံ သွားရောက်အားပေးသည့် ပထမဆုံးခရီးစဉ် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။
‘‘အဓိကကတော့ ရခိုင်ပြည် နယ်မြောက်ပိုင်းက ရခိုင်နဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေဟာ ဘင်္ဂါလီ အကြမ်းဖက် တွေရဲ့ အကြမ်းဖက်မှုခံရတယ်။ အခက်အခဲတွေ စိတ်မလုံခြုံမှုတွေရှိနေတယ်။ ကျွန်တော်တို့ UNA ဆိုတာ လည်း ပြည်ထောင်စုတိုင်းရင်းသားတွေနဲ့ ဖွဲ့ထားတဲ့အဖွဲ့အစည်းလေ။ ဒီတော့သူတို့တွေကို စိတ်ခွန်အား ပေးဖို့အတွက် အဖွဲ့အနေနဲ့သွားပြီးတော့ အားပေးမှာ ဖြစ်ပါတယ်’’ဟု UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က ပြောသည်။
ခရီးစဉ်အတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် နှစ်ဦး၊ မွန်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီတို့မှ တာဝန်ရှိသူ များအပါအ၀င် UNA အဖွဲ့ဝင် နိုင်ငံရေး ပါတီများမှ ကိုယ်စား လှယ် ၂၀ ဦးခန့်လိုက်ပါမည်ဖြစ် ကြောင်း ဦးမျိုးကျော်က ပြောသည်။ UNA ကိုယ်စားလှယ်များအနေဖြင့် ခရီးစဉ်အတွင်း မောင် တောမြို့နယ်သို့ ဦးစားပေးသွား ရောက်မည်ဖြစ်ကာ ရခိုင်ပြည် နယ်အစိုးရ၊ UNA ၏ မဟာမိတ် ပါတီဖြစ်သည့် မြိုတိုင်းရင်းသား ပါတီနှင့် တွေ့ဆုံဆွေးနွေးရန်ရှိ ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။
‘‘သူတို့တွေအတွက် ဘာလုပ်ပေးနိုင်မလဲ၊ ဘာလုပ်ပေးသင့် တယ်ဆိုတာကို အဖြေရှာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်’’ဟု ခရီးစဉ်တွင်ပါဝင်မည့် ကရင်အမျိုးသား ပါတီမှ မန်းကျော်ငြိမ်းက ပြောသည်။ လုံခြုံရေး အဖွဲ့ဝင်များ၊ ၀န်ထမ်းများနှင့် ဒေသခံများသေဆုံး ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အ ကြမ်းဖက်တိုက်ခိုက်မှုများကို ဖော်ဆောင်နေသည့် အစွန်းရောက် အကြမ်းဖက်အုပ်စု (Arakan Ro-hingya Salvation Army-ARSA)ကို ပြင်းထန်စွာ ရှုတ်ချကြောင်း UNA က သြဂုတ် ၂၉ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်နယ် အရေးကို အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါ တီများနှင့် ပြည်သူများညီညွတ် စွာ ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်မှုပေးနိုင်ရန် ကောင်းမွန်သောအစီအမံများ ချမှတ်ရမည်ဖြစ်ကြောင်းလည်း ထိုစဉ်က ထည့်သွင်းအကြံ ပြုခဲ့သည်။
UNA အဖွဲ့ဝင် ပါတီများသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၊ မွန်အမျိုးသားပါတီ (MNP) ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ၊ ကချင်ပြည်နယ်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် (KNCD)၊ ကယန်းအမျိုးသားပါတီ (KNP) ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)၊ ကရင် အမျိုးသားပါတီ (KNP)၊ ရခိုင်မျိုးချစ်ပါတီ (APP)၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ဓနုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ ခူမီ (ခမီး)အမျိုးသားပါတီ (KNP) ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (SNSP) တို့ ဖြစ်သည်။