ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ပုဂံမြို့ဟောင်းတွင် သတင်းအချက်အလက်နှင့် သင်တန်းစင်တာ ဖွင့်လှစ်
ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ရေးအတွက် သတင်းအချက်အ လက်များ မျှဝေနိုင်ရန်နှင့် လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် သင်တန်းများ ပို့ချနိုင်ရန် သတင်းအချက်အလက်နှင့် သင်တန်းစင်တာ (BITC) ကို အောက်တိုဘာ ပထမပတ်က စတင်ကာ ပုဂံမြို့ဟောင်းတွင် ဖွင့် လှစ်ထားကြောင်း ဟိုတယ်နှင့်ခရီး သွားလာ ရေး ညွှန်ကြားမှု ဦးစီးဌာ န အထက်မြန်မာပြည်ရုံးခွဲ တာဝန် ခံ ဦးအောင်အေးဟန်က ပြော သည်။
ပုဂံမြို့ဟောင်း ရွှေနန်းတော် အနောက်ဘက် ယခင်အုတ်ကျောင်း အဆောက်အအုံအား JICA ၏ အကူအညီဖြင့် ပြန်လည် ပြုပြင်မွမ်းမံကာ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနက သ တင်းအချက်အလက်နှင့် သင် တန်းစင်တာအဖြစ် ဖွင့်လှစ်ခြင်း ဖြစ်သည်။ စင်တာဖွင့်ပြီး ပထမဆုံးအစီ အစဉ်အနေဖြင့် ယခုလအတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံမှ Lux Dev အဖွဲ့တို့ ပူးပေါင်းကာ ပုဂံ ဟိုတယ်ဇုန်ရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များရှိ ဒေသခံဝန်ထမ်း ၂၅ ဦးကို ခရီးသွားလုပ်ငန်း ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် နှစ်ပတ်ကြာသင်တန်းတစ်ခု ပို့ချမည်ဟုဆိုသည်။
ပုဂံသတင်းအချက်အလက် နှင့် သင်တန်းစင်တာတွင် ခရီးသွား ဆိုင်ရာ သတင်းအချက်အလက် များ မျှဝေခြင်း၊ သင်တန်းများပို့ချ ပေးခြင်းအပြင် ပုဂံဒေသအတွင်း လက်မှုအနုပညာ ပစ္စည်းများ ခင်းကျင်းပြသခြင်းနှင့် အစည်းအဝေးများ၊ ဟောပြောပွဲများလည်း ကျင်းပမည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန တာဝန်ရှိသူများက ပြောသည်။